အပစ်ရပ် သဘောတူမှုကို မချိုးဖောက်ဖို့ ဆီးရီးယား အစိုးရကို ကယ်ရီ တိုက်တွန်း

  • 15 ဧပြီ 2016
allepo ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပ်ပို မြို့တော် တဝိုက် တိုက်ပွဲတွေ ရုတ်တရက် ပြန်လည် ပြင်းထန် လာပြန်။

ဆီးရီးယား နိုင်ငံထဲ ရယူ ထားတဲ့ အပစ်ရပ် သဘောတူမှု အပေါ် သမ္မတ ဘရှား အယ်လ် အာဆတ် အစိုးရက ချိုးဖောက် နေတာ ရပ်တန်းက အမြန်ဆုံး ရပ်ပါ ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က တောင်းဆို လိုက်ပါတယ်။

အပစ်ရပ် သဘောတူမှုကို လေးစား လိုက်နာအောင် ဆီးရီးယား အစိုးရကို တိုက်တွန်း ပေးပါ ဆိုပြီးတော့လည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့ဗ် ကိုလည်း ဝန်ကြီး ကယ်ရီက ပြောခဲ့ ပါတယ်။

အမေရိကန် ဘက်ကလည်း ဆီးရီးယား သူပုန် အုပ်စုတွေကို အလားတူ တိုက်တွန်း သွားမယ် လို့လည်း ကတိပေး ပြောကြား ခဲ့ပါတယ်။

အခု ရက်ပိုင်းတွေ အတွင်း အလက်ပ်ပို မြို့တော် တဝိုက် တိုက်ပွဲတွေ ရုတ်တရက် ပြန်လည် ပြင်းထန် လာပြန်တဲ့ အတွက် လူတွေ သောင်းနဲ့ချီပြီး တော့ အိုးအိမ်တွေ စွန့်ခွာ ထွက် ပြေး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ