ဂျပန်မှာ ငလျင်ထပ်လှုပ် အနည်းဆုံး၂၉ဉီးသေ

  • 16 ဧပြီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ငလျင်ကြောင့် မြေတွေပြို လမ်းတွေပျက်စီးခဲ့

မနေ့ သောကြာနေ့ညက ဂျပန်နိုင်ငံ ကျု ရူးကျွန်းမှာ အင်အား ပြင်းထန်တဲ့ မြေငလျင် တစ်ခုထပ်လှုပ်ခဲ့တာကြောင့် အနည်းဆုံး လူ၂၉ ဦး သေဆုံးခဲ့ရပါတယ်။

၇.၃ အင်အားအဆင့် ရှိတဲ့ မြေငလျင်ကြောင့် အဆောက်အဦးအချို့လည်း ပြိုကျခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားတွေဟာ ပိတ်မိနေတဲ့သူတွေကို ကယ်တင်ဖို့ ကြိုးစား နေပါတယ်။

ကျု ရူးကျွန်း ငလျင်ကယ်ဆယ်ရေး အတွက် တပ်ဖွဲ့ဝင်အင်အား နှစ်သောင်းကျော်ကို တပ်ဖြန့်ထားတယ်လို့သိရပါတယ်။

မိုးလေဝသ ခန့်မှန်းချက်တွေ အရ လေတိုက်နှုန်း ပြင်းထန်ပြီး မိုးရွာသွန်းမှု များပြားနေတဲ့ အတွက် မြေပြိုမယ့် ဘေးအန္တရာယ်ကိုလည်း စိုးရိမ်နေကြရပါတယ်။

ငလျင်ကြောင့် ဒေသတဝိုက်က လမ်းတွေ ပျက်စီးခဲ့ပီး မြေပျိုတာတွေဖြစ်ပွားတာကြောင့် အိမ်ထောင်စု တစ်သိန်းကျော် လျှပ်စစ်ပြတ်တောက်ခဲ့ရပီး အိမ်ထောင်စုလေးသိန်းကျော်ဟာ ရေပြတ်လပ်မှုတွေနဲ့ကြုံနေရပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက် သူတွေအတွက် ခက်ခဲတဲ့ လုပ်ငန်းစဉ်တွေဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ကြာသာပတေး နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသမှာပဲ ၂၄ နာရီ ကျော်ကျော်လေး အတွင်းမှာ ဒုတိယအကြိမ် ထပ်ပြီး လှုပ်ခဲ့တာ ဖြစ်ပါတယ်။