ဘာနီဆဲန်ဒါးစ်နဲ့ တွေ့ဆုံမှုကို ပုပ်ရဟန်းမင်း ကာကွယ်ပြောဆို

  • 16 ဧပြီ 2016
_pope_francis_catholic ဓာတ်ပုံ မူပိုင် epa
Image caption သူ့အနေနဲ့ အမေရိကန် နိုင်ငံရေး ထဲ ကြားဝင် ရှုပ် တယ်လို့ ပြောလို့ မရ နိုင်ဘူး ဆိုပြီး ပုပ် ဖရန်ဆစ် က အသော ဖောက်။

ပုပ်ရဟန်း မင်းကြီး ဟာ အမေရိကန် ပြည်ထောင် စု ရဲ့ ဒီမိုကရက် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတ လောင်း ဖြစ်ဖို့ ကြိုးစား နေတဲ့ ဘာနီ ဆဲန်ဒါစ် နဲ့ ဗာတီကန် နန်းတော် မှာ ခနတာမျှ တွေ့ဆုံ ခဲ့ ပါတယ်။

ဒီလို တွေ့ဆုံတာကြောင့် သူ့အနေနဲ့ အမေရိကန် နိုင်ငံရေး ထဲ ကြားဝင် ရှုပ် တယ်လို့ ပြောလို့ မရ နိုင်ဘူး ဆိုပြီး ပုပ် ဖရန်ဆစ် က အသော ဖောက် ရင်းသား မစ္စတာ ဆဲန်ဒါးစ် နဲ့ တွေ့ဆုံမှု အပေါ် ကာကွယ် ပြောဆို ခဲ့ ပါတယ်။

ဒါပေမယ့် အဲဒီ့ တွေ့ဆုံ မှု ကြောင့် ဘာနီ ဆဲန်ဒါစ် အပေါ် လူကြိုက် များမှု တိုးမြင့် သွား နိုင်တယ် လို့ သုံးသပ်မှု တွေ လည်း ရှိ နေပါတယ်။

အရေးပါတဲ့ ပြည်နယ် အလိုက် ရွေးကောက်ပွဲ တစ်ခု ဖြစ်တဲ့ နယူးယောက် ပရိုင်မာရီ ကို လာမယ့် ၃ ရက် အတွင်း ကျင်းပ တော့မှာ ဖြစ်ပြီး ဟီလာရီ ကလင်တန် နဲ့ ဘာနီ ဆဲန်ဒါစ် တို့ အသည်းအသန် ယှဉ်ပြိုင် ကြရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ