သမ္မတရူးဆက်ဖ်ကို တရားဝင် စွပ်စွဲ ပြစ်တင်မလား အောက်လွှတ်တော်မှာ မဲခွဲနေပြီ

_rousseff_impeachment_voting_
Image caption မဲမခွဲခင် တစ်ဘက်နဲ့ တစ်ဘက် အပြင်းအထန် အော်ဟစ် ငြင်းခုံ

ဘရာဇီး နိုင်ငံမှာ သမ္မတ ဂျီးလ်မား ရူးဆက်ဖ်ကို ရာထူး နေရာက ဖယ်ရှား နိုင်တဲ့ အထိ အရေးယူ နိုင်တဲ့ တရားဝင် စစ်ဆေး မေးမြန်းမှု ပြုလုပ် မလား ဆိုတာ ကို အောက်လွှတ်တော် ထဲမှာ မဲခွဲ နေကြပြီ ဖြစ်ပါတယ်။

အဲဒီလို မဲမခွဲခင် တစ်ဘက်နဲ့ တစ်ဘက် အပြင်းအထန် အော်ဟစ် ငြင်းခုံ နေကြ ပါတယ်။

မစ္စ ရူးဆက်ဖ် ဦးဆောင်တဲ့ လက်ဝဲ အစိုးရ ဆီက အာဏာသိမ်း ဖို့ အတိုက်အခံ တွေ ကြံဆောင် နေတာ ဖြစ်တယ် ဆိုပြီး သမ္မတ ကို ထောက်ခံ သူတွေက စွပ်စွဲ နေသလို ကြွေးကျော်သံတွေလည်း အော်ဟစ် ခဲ့ကြ ပါတယ်။

သမ္မတ တရားဝင် စွပ်စွဲ ပြစ်တင် တဲ့ ကြားနာ ပွဲကို အထက် ဆီးနိတ် လွှတ်တော် မှာ ပြုလုပ်နိုင်ဖို့ ဆိုရင် အောက်လွှတ်တော် အမတ် ၃ ပုံ ၂ ပုံ ရဲ့ သဘောတူညီ မှု ရရှိရမှာ ဖြစ်ပါတယ်။

သမ္မတ ရူးဆက်ဖ် ဟာ ၂၀၁၄ ရွေးကောက်ပွဲ မှာ ပြန်လည် မတင်မြှောက် ခံရသေးခင် အကြို ကာလ မှာ အစိုးရ ဘတ်ဂျက် လိုငွေ ပြနေတာ တွေကို ဖုံးကွယ် ဖို့ အစိုးရ ငွေစာရင်းတွေကို မမှန်မကန် ပြင်ဆင် ခဲ့တယ် ဆိုပြီး အတိုက်အခံ တွေက စွပ်စွဲ နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ