အီကွေဒေါ ငလျင်ကြောင့် သေဆုံးသူ လူ ၂၃၀ ကျော်

  • 17 ဧပြီ 2016
ecuador_ ဓာတ်ပုံ မူပိုင် AFP
Image caption ပက်ဒယ်နားလေ့စ် မြို့ လုံးဝ ပျက်စီး သွား။

တောင်အမေရိကတိုက် အနောက်ဘက် ကမ်းရိုးတန်း နိုင်ငံ တစ်ခု ဖြစ်တဲ့ အီကွေဒေါ မှာ စနေနေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် အတည်ပြုထားနိုင် သမျှ သေဆုံးစာရင်းထဲ လူပေါင်း ၂၃၀ ကျော် သွားပြီလို့ အီကွေဒေါ သမ္မတ ရာဖဲလ် ကိုရီယာ က ပြောပါတယ်။

မြေငလျင် ဗဟိုချက်မ အနီးက ပက်ဒယ်နားလေ့စ် မြို့ လုံးဝ ပျက်စီး သွားရတယ် လို့လည်း ဆိုပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အခုဆိုရင် နိုင်ငံရဲ့ မြောက်ပိုင်း ကမ်းရိုးတန်း ဒေသကို စစ်သား ဦးရေ တစ်သောင်း စေလွှတ် ထားသလို၊ မြေငလျင် ဗဟိုပြု လှုပ်ခတ်ခဲ့ရာ ပတ်ဝန်းကျင် က မြို့တွေ မှာလည်း ရဲတပ်ဖွဲ့ ၅ ထောင် နီးပါး ချထား ထားပါတယ်။

အိမ်နီးချင်း ကိုလံဘီယာ နိုင်ငံကလည်း အနံ့ခံခွေးတွေ အပါအဝင် ကယ်ဆယ်ရေး အဖွဲ့ တွေ အီကွေဒို နိုင်ငံဆီ စေလွှတ် ပေးထားပြီး ရေတပ် သင်္ဘောတစ်စင်းနဲ့လည်း သောက်ရေတွေ ပေးပို့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ