လူ ၅၀၀ ပါ လှေကြီး မှောက်ခဲ့တာလို့ ကယ်ဆယ် ခံခဲ့ရတဲ့ လူ ၄၀ ကျော်က ထွက်ဆိုနေ

  • 18 ဧပြီ 2016
_migrant_boat ဓာတ်ပုံ မူပိုင်
Image caption လူ ၅၀၀ သယ်ဆောင် လာတဲ့ လှေသာ မှောက်ခဲ့ပြီး အခုလို လူ ၄၀ ကျော်ပဲ အသက်ရှင်သန် ကျန်ရစ်ခဲ့တယ် ဆိုရင် ဒါဟာ လှေစီး ရွှေ့ပြောင်းသူတွေ ပင်လယ်ထဲ သေဆုံး ကြရတာတွေ ထဲ အဆိုးရွားဆုံး ဖြစ်ရပ် တစ်ခုပဲ ဖြစ်ပါတယ်။

မြေထဲပင်လယ်ကို ဖြတ်ကူးဖို့ ကြိုးစား ကြရင်းသား လှေမှောက်လို့ ကယ်ဆယ် ခဲ့ရတဲ့ အရှေ့ အာဖရိက ဒေသက လာသူ အယောက် လေးဆယ်ကျော် ရဲ့ အဆိုအရ သူတို့နဲ့ အတူ ပါလာသူ ရာဂဏန်း တချို့ ရှိပြီး ရေနစ် သေဆုံး ခဲ့ရပြီလို့ ယူဆ ရကြောင်း ပြောပါတယ်။

ကယ်ဆယ် နိုင်ခဲ့တဲ့ သူတွေကို အခု ဂရိ နိုင်ငံ ကာလာမားတား မြို့မှာ ထိန်းသိမ်း ထားပါတယ်။

စုစုပေါင်း လူ အယောက် ၂၀၀ ဟာ လစ်ဗျား ကနေ ထွက်လာ ခဲ့တာ ဖြစ်ပြီး၊ ပယ်လယ်ထဲ အရောက်မှာ လူမှောင်ခို တွေ ဟာ သူတို့ကို လူ ၃၀၀ လောက် ရှိနှင့်နေတဲ့ နောက်ထပ် လှေတစ်စီး ပေါ်ကို ပြောင်းစခဲ့တယ် လို့ အသက် ရှင်သန် ကျန်ရစ် သူတွေက ဘီဘီစီကို ပြောပါတယ်။

သူတို့ ထွက်ဆိုတဲ့ အတိုင်း လူ ၅၀၀ သယ်ဆောင် လာတဲ့ လှေသာ မှောက်ခဲ့ပြီး အခုလို လူ ၄၀ ကျော်ပဲ အသက်ရှင်သန် ကျန်ရစ်ခဲ့တယ် ဆိုရင်၊ ဒါဟာ လှေစီး ရွှေ့ပြောင်းသူတွေ ပင်လယ်ထဲ သေဆုံး ကြရတာတွေ ထဲ အဆိုးရွားဆုံး ဖြစ်ရပ် တစ်ခုပဲ ဖြစ်ပါတယ်။

အာဏာပိုင်တွေ အနေနဲ့တော့ လူ ၅၀၀ ပါ လှေ တကယ် မှောက် ခဲ့သလား ဆိုတာကို အတည် မပြု နိုင်သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ