တရုတ်ထုတ် စျေးချိုတဲ့ စတီးတွေကြောင့် စျေးကွက်ပျက်နေ

china_steel_industry_ ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ် နိုင်ငံထုတ် စျေးချိုတဲ့ စတီးတွေ စျေးကွက်ထဲ အလုံးအရင်း နဲ့ ဝင်ရောက် လာ။

ကမ္ဘာပေါ်မှာ စတီး (သံမဏိ) ကို လိုအပ်တာထက် ပိုပြီး ထုတ်လုပ် နေတဲ့ ပြဿနာ အပေါ် ကိုင်တွယ်ဖို့ နိုင်ငံ ၃၀ လောက်က သက်ဆိုင်ရာ ဝန်ကြီး တွေ နဲ့ စက်မှု လုပ်ငန်းရှင် တွေ ဘရပ်ဆဲလ်စ် မြို့မှာ ဆွေးနွေး ခဲ့ကြ ပါတယ်။

နိုင်ငံတကာ စတီး စျေးကွက်မှာ စျေးတွေ ထိုးကျ နေတာဟာ တရုတ် နိုင်ငံထုတ် စျေးချိုတဲ့ စတီးတွေ စျေးကွက်ထဲ အလုံးအရင်း နဲ့ ဝင်ရောက် လာလို့ ဖြစ်တယ်လို့ ကျန် နိုင်ငံတွေက တရုတ် ကို အပြစ်တင် နေ ခဲ့ကြပါတယ်။

ဘရပ်ဆဲလ်စ် အစည်းအဝေးမှာ တရုတ် နိုင်ငံ နဲ့ ကြား အပြုသဘောဆောင် ဆွေးနွေး နိုင်ခဲ့တယ် လို့ ဗြိတိသျှ စီးပွားရေး ဝန်ကြီး ဆာဂျစ်ဒ် ဂျာဗစ်ဒ် က ဆိုပါတယ်။

တရုတ် အနေနဲ့ စျေးကွက် ထဲ တွေ့ကြုံ နေတဲ့ ပြဿနာ အပေါ် အသိအမှတ် ပြု ခဲ့ပြီး သူတို့ဘက်က တစ်ခုခု လုပ် ပေးမယ် လို့ အာမခံ ခဲ့တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ