နေစွမ်းအင်သုံး ကမ္ဘာပတ်လေယာဉ် ခရီးပြန်စထွက်

  • 22 ဧပြီ 2016
solar impulse ဓာတ်ပုံ မူပိုင် AFP
Image caption နေစွမ်းအင်သုံးလေယာဉ် ဂျပန် က နေ ဟာဝိုင်ယီ ကို ပျံသန်းစဉ် ဘက်ထရီတွေ ပျက်စီးခဲ့

နေရောင်ခြည် စွမ်းအင်ကို ပဲသုံးပြီး ပျံသန်းနေတဲ့ Solar Impulse လေယာဉ် ဟာ သူ့ကမ္ဘာပတ်ခရီးစဉ် ကို ဆက်ဖို့အတွက် စခန်းတထောက်နားနေတဲ့ ဟာဝိုင်ယီ ကနေ ထွက်ခွာ လာပါပြီ။

ဂျပန် ကနေ ဟာဝိုင်ယီ ကို လာခဲ့တဲ့လမ်းမှာ ဘက်ထရီ တွေ ပျက်စီးခဲ့တဲ့အတွက် ဟာဝိုင်ယီ မှာ ၈ လလောက် နားခဲ့ပြီး ပြင်ဆင်ခဲ့ကြတာပါ။

ဟာဝိုင်ယီ က ပျံတက်ဖို့ ကြိုးစားစဉ်မှာလည်း လေတွေ ထန်လွန်းနေတဲ့အတွက် ထွက်ခွာဖို့ သတ်မှတ် တဲ့အချိန် ကနေ ၇၅ မိနစ် နောက်ကိုဆုတ်ခဲ့ရပါတယ်။

Solar Impulse လေယာဉ် ဟာ ကယ်လီဖိုးနီးယား ကို အခုခရီးစဉ်မှာ ပျံသန်းမှာ ဖြစ်ပြီး ကယ်လီဖိုးနီးယား က နေ နောက်ထပ်သွားမယ့် ခရီးစဉ် ကတော့ ၂၀၁၅ မတ် လမှာ သူတို့ ကမ္ဘာပတ်ခရီးစဉ် စခဲ့တဲ့ အဘူဒါဘီမြို့ ကို ပျံသန်းမှာပါ။