ဆီးရီးယား အပစ်ရပ်မှု လုံးဝ ပျက်စီးသွားမယ့် အရေး အိုဘားမား သတိပေး

  • 22 ဧပြီ 2016
_syrian_rebels ဓာတ်ပုံ မူပိုင် Reuters
Image caption တကယ်လို့ ပြိုလဲ သွားရင်တောင် တခါပြန်လည် ပြီး အပစ်ရပ် နိုင်အောင် ကြိုးစားမယ်။

ဆီးရီးယား နိုင်ငံထဲက ရယူထားတဲ့ အပစ်ရပ် သဘောတူမှု လုံးဝ ကျိုးပေါက် ပျက်စီး သွား နိုင်တဲ့ အရေး စိုးရိမ်မှု တွေ တိုးမြင့် နေပါတယ်။

အလက်ပ်ပို မြို့ကြီးကို ပစ်မှတ် ထားပြီး လေကြောင်း တိုက်ခိုက်မှု တွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ် နေချိန် မှာပဲ၊ ဆီးရီးယားနိုင်ငံထဲ ပြန်လည် ပြင်းထန် လာနေတဲ့ တိုက်ပွဲ တွေ အပေါ် စိုးရိမ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက သတိပေး ပြောဆို လာပါတယ်။

လက်ရှိ ရယူထားတဲ့ အပစ်ရပ် သဘောတူမှု ပြိုလဲ မသွားအောင် ကြိုးစား ထိန်းမယ်၊ တကယ်လို့ ပြိုလဲ သွားရင်တောင် တခါပြန်လည် ပြီး အပစ်ရပ် နိုင်အောင် ကြိုးစားမယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

ဆီးရီးယား နိုင်ငံ အကြပ်အတည်းဟာ ဆွေးနွေး ညှိနှိုင်း အဖြေရှာ မှုတွေ ပြုလုပ်မှပဲ အောင်မြင် နိုင်တယ် ဆိုတဲ့ အချက် အပေါ်မှာလည်း အမေရိကန် သမ္မတက အလေးထား ပြောခဲ့ပါတယ်။

သမ္မတ အာဆတ် ကို အာဏာ ဆက်ရှိ အောင် ထိန်းထား ပေးနိုင်ရင်တောင် မှ အတိုက်အခံ သူပုန် အဖွဲ့တွေကို နိုင်အောင် မတိုက် နိုင်ဘူး ဆိုတဲ့ အချက်အပေါ် ဆီးရီးယား အစိုးရကို ထောက်ပံ့ ပေးနေကြသူတွေ လည်း သဘောပေါက် ထားတယ် လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ