ရွှေ့ပြောင်းသူ အရေး အီးယူ-တူရကီ သဘောတူမှု ရလာဒ်ကောင်းတွေ ထွက်ပေါ်

  • 23 ဧပြီ 2016
_migrant_return_to_turkey ဓာတ်ပုံ မူပိုင်
Image caption ဥရောပထဲ ခိုလှုံ ခွင့် မလျှောက် ထားသူတွေ၊ လျှောက်ထား တာ မအောင် မြင်သူတွေ ကို တူရကီ ဘက်ကို ပြန်ပို့ဖို့ သဘောတူ ထား။

တူရကီ ကနေ တဆင့် အေဂျီယန် ပင်လယ် ကို ဖြတ်ကျော်ပြီ ဥရောပ ထဲ ဝင်ရောက်နေတဲ့ ပြဿနာကို ကိုင်တွယ် ဖို့ရာ ဥရောပ သမဂ္ဂ အဖွဲ့ အီးယူနဲ့ တူရကီ ကြား ရယူ ထားတဲ့ သဘောတူမှုဟာ ရလာဒ် ကောင်း တွေ ထွက်ပေါ် လာနေပြီ ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ်လ် တုစ် က ပြောပါတယ်။

အခု ဆိုရင် ဖြတ်ကျော် ဝင်ရောက် လာနေတဲ့ အရေ အတွက် ရော၊ တရားမဝင် နယ်စပ် ဖြတ် ကျော် ဝင်ရောက် ပြီးကာမှ တရားဝင် ဖြစ်အောင် လုပ်ခွင့် ရသွားကြတဲ့ အရေ အတွက် ပါ သိသိသာသာ ကျဆင်း သွားတယ် လို့ မစ္စတာ တုစ် က ဆိုပါတယ်။

တူရကီ ကနေ တဆင့် ဥရောပ တိုက်ဘက် ဝင်ရောက် လာသူ တွေ ထဲက ခိုလှုံ ခွင့် မလျှောက် ထားသူတွေ၊ လျှောက်ထား တာ မအောင် မြင်သူတွေ ကို တူရကီ ဘက်ကို ပြန်ပို့ဖို့ သဘောတူ ထားကြတာ ဖြစ်ပါတယ်။

တူရကီ နိုင်ငံ အရှေ့တောင်ပိုင်း အရပ်မှာ ထားရှိ ထားတဲ့ ဒုက္ခသည် တွေကို မစ္စတာ တုစ် နဲ့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် တို့ သွားရောက်တွေ့ဆုံ ခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အီးယူ ဘက်ကလည်း တူရကီ နိုင်ငံသားတွေ ဥရောပ ထဲ ဗီဇာ မလိုပဲ သွားလာခွင့် ပေးဖို့ အပေါ် မျာလည်း လက်တွေ့ ဆောင်ရွက်ချိန် တန်ပြီ လို့ တူရကီ ဝန်ကြီးချုပ် ပြော။

အိမ်ရှင် တူရကီ ဝန်ကြီးချုပ် အာမက်ဒ် ဒါဗူးတော်လူး ကတော့ တူရကီ ဘက်က ဖြည့်ဆည်း ပေးရမှာ တွေ အပေါ် တာဝန် ကျေ ခဲ့ပြီ ဖြစ်တဲ့ အတွက် အီးယူ ဘက်ကလည်း တူရကီ နိုင်ငံသားတွေ ဥရောပ ထဲ ဗီဇာ မလိုပဲ သွားလာခွင့် ပေးဖို့ အပေါ် မျာလည်း လက်တွေ့ ဆောင်ရွက်ချိန် တန်ပြီလို့ ဆိုပါတယ်။

ဒါ့အပြင်၊ ဂျာမနီ ဝန်ကြီးချုပ် မစ္စစ် မာ့ခဲလ် အပါအဝင် အီးယူ အာဏာပိုင် တွေ နဲ့ အတူ တွဲပြီး ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာလည်း မစ္စတာ ဒါဗူးတော်လူးက တူရကီ နိုင်ငံ ရဲ့ သတင်းစာ လွတ်လပ်ခွင့် အခြေအနေ အပေါ် ကာကွယ် ပြောဆို ခဲ့ပါတယ်။

တူရကီမှာ နိုင်ငံတော် လျှို့ဝှက် ချက် တွေ ပေါက်ကြား စေလို့ ဆိုပြီး လက်ရှိ တရားရင်ဆိုင် နေကြ ရတဲ့ စာနယ်ဇင်း သမားတွေ ရှိနေသလို၊ ပြီး ခဲ့တဲ့ လတုန်းကလည်း အဓိက အတိုက်အခံ သတင်းစာ တစ်စောင် ဖြစ်တဲ့ ဇာမန် က အယ်ဒီတာ အဖွဲ့ အလုပ် ပြုတ်သွားပြီး အစိုးရကို ထောက်ခံ သူတွေ နဲ့ အစားထိုး ခခံခဲ့ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ