တီ-တစ်ပ် ကုန်သွယ်ရေး လွတ်လပ်ဇုံ အစီအစဉ်ကို လူ သောင်းချီ ဆန္ဒပြ

  • 23 ဧပြီ 2016
germany_ttip_rally_
Image caption တီ-တစ်ပ် သာ အကောင်အထည် ပေါ်လာရင် အလုပ် သမား အခွင့်အရေး တွေ လျော့ကျနိုင်။

အမေရိကန် နဲ့ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ ဝင် နိုင်ငံ တွေ ကြား အတိုကောက် တီ တစ်ပ် T-TIP လို့ ခေါ်တဲ့ လွတ်လပ် ကုန်သွယ် ဇုံကြီး ဖော်ဆောင် မယ် ဆိုတဲ့ အစီအစဉ် အပေါ် ဂျာမနီ နိုင်ငံ ဟဲန်နိုဗာ မြို့မှာ လူ ၃ သောင်းကျော် ဆန္ဒပြ ခဲ့ကြ ပါတယ်။

အဲဒီ့ အစီအစဉ် သာ အကောင်အထည် ပေါ် လာရင် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး နဲ့ ပတ်သက်တဲ့ ဥရောပ စံနှုန်းစံထား တွေ ကျဆင်း သွား နိုင်သလို၊ လုပ်ခ လစာ တွေ၊ အလုပ် သမား အခွင့်အရေး တွေ လည်း လျော့ကျ သွား နိုင်တယ် ဆိုပြီး ဆန္ဒပြ သမားတွေ က ပြောနေ ပါတယ်။

ဒါပေမယ့် စီးပွားရေးလုပ်ငန်း ရှင် တွေ နဲ့ နိုင်ငံရေး သမားတွေ ကတော့ လွတ်လပ် ကုန်သွယ်ဇုံ ကြောင့် ကုန်သွယ်ရေး ပို အားကောင်း လာပြီး အလုပ်အကိုင် အခွင့်အလမ်း တွေ တိုးတက် များပြား လာနိုင်တယ် လို့ ပြောဆို နေပါတယ်။

ဒီကနေ့ ဧပြီလ ၂၄ ရက် တနင်္ဂနွေ နေ့မှာ တော့ ဟဲန်နိုဗာ မြို့ မှာ ကုန်စည် ပြပွဲ အကြီး အကျယ် ပြုလုပ် ဖို့ ရှိနေတာ မှာ အမေရိကန် သမ္မတ အိုဘားမား တက်ရောက် ဖွင့်လှစ် ပေးဖို့ စီစဉ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ