မြောက်ကိုရီးယား ရေငုပ်သင်္ဘောကနေ ဒုံးကျည် ပစ်လွှတ်ခဲ့တာကို အမေရိကန် ကန့်ကွက်

  • 23 ဧပြီ 2016
_kim_jong_un_submarine
Image caption ၁၈ မိုင် ကျော်ကျော် လေးပဲ ရောက်အောင် လေပေါ် မိနစ် အနည်းငယ်သာ ပျံသန်း နိုင်ခဲ့တဲ့ မအောင်မြင်တဲ့ စမ်းသပ် မှု ဖြစ်တယ် လို့ တောင်ကိုရီးယား စစ်ဘက် က ပြော။

မြောက်ကိုရီယား အနေနဲ့ ဒေသတွင်း မတည်မငြိမ် ဖြစ်အောင် မပြုမူပါနဲ့ ဆိုပြီး အမေရိကန် က တောင်းဆို လိုက်ပါတယ်။

မြောက်ကိုရီးယား အစိုးရက ရေငုပ် သင်္ဘောကနေ ဒုံးကျည် တစ်စင်း ပစ်လွှတ် ခဲ့တယ် လို့ ယူဆ ရတဲ့ နောက် အမေရိကန် ဘက်က အခုလို ပြောဆို လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ရဲ့ စမ်းသပ်မှုဟာ အရှေ့မြောက် ပိုင်းက ဆိပ်ကမ်း မြို့ ရှင်ပို ကနေ ၁၈ မိုင် ကျော်ကျော် လေးပဲ ရောက်အောင် လေပေါ် မိနစ် အနည်းငယ်သာ ပျံသန်း နိုင်ခဲ့တဲ့ မအောင်မြင်တဲ့ စမ်းသပ် မှု ဖြစ်တယ် လို့ တောင်ကိုရီးယား စစ်ဘက် က ပြောနေပါတယ်။

ဒါပေမယ့် အဲဒီလို စမ်းသပ် ပစ်ခတ် ခဲ့တဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂ က ချမှတ် ထားတဲ့ ပိတ်ပင်မှု ကို ချိုးဖောက် တာပဲ လို့ အမေရိကန် အစိုးရ က ဆိုပါတယ်။

အခုလို ရေငုပ် သင်္ဘော ကနေ ဒုံးကျည် လှမ်း ပစ်တဲ့ စမ်းသပ် မှု မျိုး အကြိမ်ကြိမ် ပြုလုပ် ခဲ့နှင့်ပြီး ဖြစ်တယ် လို့ မြောက်ကိုရီးယား က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ