နိုင်ငံတကာအဖွဲ့ကို မက္ကဆီကို အစိုးရ ဟန့်တားခဲ့ကြောင်း အဝေဖန်ခံရ

  • 24 ဧပြီ 2016
p_mexico_ayotzinapa_protest ဓာတ်ပုံ မူပိုင် AFP
Image caption ကျောင်းသားတွေ ပျောက်ဆုံးမှုကြောင့် မက္ကဆီကိုမှာ လူထု ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့။

မက္ကဆီကို နိုင်ငံမှာ ၂၀၁၄ ခုနှစ် တုန်းက ဖြစ်ပေါ် ခဲ့တဲ့ ဆရာအတတ်သင် ကျောင်းသား ၄၃ ယောက် ပျောက်ဆုံး သွားမှု အပေါ် စုံစမ်းမှု တွေ ပြုလုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့ က သူတို့ စုံစမ်း နေတာ တွေ ကို မက္ကဆီကို သမ္မတ အဲန်နရီကေး ပဲန်ညာ ညေးတိုး အစိုးရ က တားဆီး ဟန့်တားတာတွေ ပြုလုပ် ခဲ့တယ် လို့ ပြောလာ ပါတယ်။

နိုင်ငံတကာ အဖွဲ့ နောက်ဆုံး ထုတ်ပြန် ထားတဲ့ အစီရင်ခံစာ ထဲမှာလည်း အဲဒီ အမှု ကိစ္စ အပေါ် မက္ကဆီကို အစိုးရ ဘက်က တရားဝင် ကောက်ချက်ချ ထားတာတွေ ကိုလည်း မဖြစ်နိုင် ဘူးလို့ ပယ်ချ ထားပါတယ်။

မက္ကဆီကို အစိုးရကတော့ ကျောင်းသား ၄၃ ရဲ့ အလောင်းတွေ ဟာ အမှိုက်ကျင်းကြီး တစ်ခုမှာ မီးရှို့ စွန့်ပစ် ခံထား ရတယ် လို့ ပြော ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံတကာက ကျွမ်းကျင်သူတွေ နဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းရေး အဖွဲ့ကတော့ မက္ကဆီကို အစိုးရ ပြောထားတာ တွေ မှန်ကန် တယ် ဆိုတဲ့ ဘယ်လို သက်သေ အထောက်အထားမျိုးမှ ရှိ မနေဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ