ချာနိုဘိုင်း နျူကလီယာ ဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့တာ နှစ် ၃၀ ပြည့်ပြီ

  • 25 ဧပြီ 2016
chernobyl
Image caption သမိုင်း တလျှောက် အဆိုးရွားဆုံး နျူကလီယာ မတော်တဆ ဖြစ်ရပ်။

ချာနိုဘိုင်း နျူကလီယာ ဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့တာ နှစ် ၃၀ ပြည့် အဖြစ် အထိမ်းအမှတ် အခမ်းအနားတွေ ယူကရိန်း နိုင်ငံမှာ ကျင်းပ နေပါတယ်။

၁၉၈၆ ခုနှစ် ဧပြီလတုန်းက ချာနိုဘိုင်း ဓာတ်ပေါင်းဖို ပေါက်ကွဲ ခဲ့တာဟာ ကမ္ဘာ့သမိုင်း တလျှောက် အဆိုးရွားဆုံး နျူကလီယာ မတော်တဆ ဖြစ်ရပ် အနေနဲ့ မှတ်တမ်း ဝင် ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၃၀ တကယ် ပေါက်ကွဲ ခဲ့တဲ့ အချိန်နဲ့ ကိုက်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥဩဆွဲ ခဲ့ကြပါတယ်။

ချာနိုဘိုင်းပေါက်ကွဲမှု ကြောင့် ထွက်ပေါ် လာတဲ့ နျူကလီယာ သတ္တိကြွ ပစ္စည်းတွေ ရဲ့ ပြန့်နှံ့တဲ့ ဒဏ်ကို လက်ရှိ ယူကရိန်း၊ ရုရှားနဲ့ ဘေလာရုစ် နယ်မြေ တွေ အပါအဝင် မြောက်ဥရောပ ဒေသတွေ ထိ ခံခဲ့ရပါတယ်။

နျူကလီယာ အဆိပ်သင့်မှု ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ အခုချိန် ထိအောင် ကလေးတွေ ကိုယ်လက် အင်္ဂါ ချို့ယွင်းချက် တွေ နဲ့ မွေးဖွား လာတာတွေ၊ ရှားရှားပါးပါး ကင်ဆာ ရောဂါ အမျိုးအစား တွေ ဖြစ်ပေါ် လာတာ တွေ ရှိနေ လိမ့်ဦးမယ် လို့ သတိပေး နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ