နီပေါ ငလျင် ကယ်ဆယ်ရေး နှောင့်နှေးနေ

  • 25 ဧပြီ 2016
nepal quake
Image caption အပျက်အစီး ပမာဏ ကြီးမားတဲ့ နီပေါ ငလျင်

နီပေါနိုင်ငံ မှာ မနှစ်က လူ ကိုးထောင် နီးပါး သေဆုံးခဲ့တဲ့ ငလျင်ဘေးက အသက်မသေ ကျန်ရစ်သူတွေ သန်းနဲ့ချီပြီး ယာယီတဲတွေနဲ့ နေနေရတုန်းဖြစ်တယ် လို့ ကယ်ဆယ်ရေး အဖွဲ့ တွေက ဆိုပါတယ်။

အလှူရှင်တွေ လူတွေလက်ထဲ တိုက်ရိုက် ကူလို့ မရအောင် အစိုးရ ကြိုးနီ စနစ်က ဟန့်တားနေလို့ ခုလို ပြန်လည် တည်ဆောက်ရေးတွေ နှောင့်နှေးရတာလို့ ကြက်ခြေနီ အဖွဲ့ ပြောခွင့်ရ Max Santner က ဆိုပါတယ်။

ခရိုင်တခုမှာ အိမ်တရာလောက် ဆောက်ပေးဖို့ အစိုးရကို နမူနာ ဆောက်ပြ လိုက်ရင်ပဲ အစိုးရ ဘက်က ခင်ဗျားတို့ စောင့်ပါအုံး လို့ပဲ အမိန့်ပြန်လာတယ် ဆိုပြီး နီပေါ အစိုးရ ယန္တရား အလုပ်မဖြစ်တာတွေကို ပြောပါတယ်။

ငလျင်ဘေး အတွက် ဒေါ်လာ သန်း ၄ ထောင်ကျော် လိုအပ်တယ် လို့ နီပေါ အစိုးရက တောင်းခံခဲ့ပေမယ့် ဘာမှ ထိထိရောက်ရောက် သုံးစွဲတာကို မတွေ့ရသေးပါဘူး ။

အစိုးရ ကူညီ ထိန်းကျောင်းမှု မပါရင် ကယ်ဆယ်ရေး လုပ်ငန်းတွေ ပျက်စီးကုန်မယ် လို့ပဲ နီပေါ အစိုးရ ဘက်က တုံ့ပြန်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ