ဥရောပ ကာကွယ်ရေး အတွက် အိုဘားမား ပန်ကြား

  • 25 ဧပြီ 2016
obama ဓာတ်ပုံ မူပိုင် Getty
Image caption I-S တိုက်ဖျက်ဖို့ ဆီးရီးယားကို စစ်ကူတွေ ပို့နေ

ဥရောပ လုံခြုံရေး ကာကွယ် ထားရှိမှု အတွက် ဥရောပ နိုင်ငံ အစိုးရ တွေက ကိုယ့်ကိုယ်ကိုယ် ကျေနပ် တင်းတိမ် နေကြတယ်လို့ အမေရိကန် သမ္မတ အိုဘားမားက စွပ်စွဲ ပြောကြား လိုက်ပါတယ်။

ဒါကြောင့် နေတိုး စစ်စာချုပ်ဝင် နိုင်ငံ တွေအနေနဲ့ နိုင်ငံတကာ လုံခြုံရေး အတွက် ပိုပြီး အာရုံစိုက်ကြဖို့ အိုဘားမားက တောင်းဆို လိုက်ပါတယ်။

ဆိုင်ဘာ စစ်ဆင်ရေးနဲ့ ဒုံးကျည် ကာကွယ်ရေး စနစ်တွေမှာ ပိုပြီး တိုးချဲ့ မြှုပ်နှံမှုတွေ လုပ်ဖို့ နေတိုး နိုင်ငံ တိုင်းက အမျိုးသား ပြည်တွင်း ထုတ်ကုန်ရဲ့ ၂ ရာ နှုန်းကို ဘုံလုံခြုံရေး အတွက် ထားရှိသင့်တယ် လို့လည်း သူက ဆိုပါတယ်။

I-S အစ္စလာမ္မစ် နိုင်ငံ အဖွဲ့လို ခြိမ်းခြောက်မှုတွေ ကို ပူးတွဲ တာဝန်ယူ ကိုင်တွယ်ကြဖို့ ဂျာမနီမှာ ရောက်ရှိနေတဲ့ သမ္မတ အိုဘားမားက ဥရောပ နိုင်ငံ ခေါင်းဆောင်တွေကို တိုက်တွန်း ခဲ့ပါတယ်။

I-S တွေကို တိုက်ဖျက်ဖို့ အမေရိကန်က ဆီးရီးယားကို နောက်ထပ် စစ်ကူတွေ ပို့ပေးနေတယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ