ကနေဒါနိုင်ငံသား ဓားစာခံကို အဘူဆာရက်ဖ်အဖွဲ့ ခေါင်းဖြတ်သတ်

_abu_sayyaf_ ဓာတ်ပုံ မူပိုင် AFP
Image caption ပြန်ပေးငွေ ဒေါ်လာ ၈ သန်း တောင်း ခံ ခဲ့။

ကနေဒါ နိုင်ငံသား ဂျွန် ရဇ်ဒယ်လ် ကို ဖိလစ်ပိုင် အစ္စလာမ်မစ် အဖွဲ့ ဖြစ်တဲ့ အဘူဆာရက်ဖ် လက်နက်ကိုင်တွေက သတ်ဖြတ် လိုက်တဲ့အပေါ် ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး အပြင်းအထန် ရှုတ်ချ ပြောဆို ခဲ့ပါတယ်။

သွေးအေးအေး နဲ့ ရက်ရက် စက်စက် ကျူးလွန် ခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ထရူးဒိုးက ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ဝေးလံ ခေါင်သီတဲ့ ကျွန်းတစ်ခုရဲ့ လမ်းပေါ်မှာ လူ ဦးခေါင်းပြတ် တစ်လုံးကို တနင်္လာနေ့ အစောပိုင်းက တွေ့ခဲ့ကြ ရပြီး အခုတော့ မစ္စတာ ရဇ်ဒယ်လ်ရဲ့ ဦးခေါင်း ဖြစ်တယ် ဆိုတာကို အတည်ပြု နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မိုင်းတွင်းအရာ ရှိတစ်ဦး ဖြစ်တဲ့ မစ္စတာ ရဇ်ဒယ်လ် ဟာ လွန်ခဲ့တဲ့ ၆ လ က ဖိလစ်ပိုင် နိုင်ငံမှာ အဘူဆာရက်ဖ် အဖွဲ့ရဲ့ ပြန်ပေး ဆွဲ ဖမ်းဆီးတာ ခံခဲ့ရပြီး၊ သူနဲ့ အတူ နောက်ထပ် ဓားစာခံ တွေ ဖြစ်တဲ့ နိုင်ငံခြားသား နှစ်ဦး အပါအဝင် ဖိလစ်ပိုင် အမျိုးသမီး တစ်ဦး တို့ကို ရိုက်ကူး ထားတဲ့ ဗီဒီယိုကို အဘူဆာရက်ဖ် အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ပြန်ပေးငွေ ဒေါ်လာ သန်း ၈၀ တောင်း ခံ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ