သြစတြေးလျ စခန်း ပါပူဝါ လက်မခံ

  • 26 ဧပြီ 2016
australia refugee ဓာတ်ပုံ မူပိုင် Reuters
Image caption သြစတြေးလျကို တရားမဝင် လာသူတွေ ပင်လယ်မှာ တားဆီးခံရ

ပါပူဝါ နယူးဂီနီ နိုင်ငံ တရားရုံးချုပ် ကနေ သြစတြေးလျ နိုင်ငံက သူတို့ကျွန်းနိုင်ငံမှာ လာဖွင့်ထားတဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို ထိန်းသိမ်းရေး စခန်းဟာ တရားမဝင်တဲ့ အတွက် ပိတ်ပစ်ဖို့ ဆုံးဖြတ်ချက် ချလိုက် ပါတယ်။

အရင်က သြစတြေးလျ နိုင်ငံကို အခြေချ နေထိုင်ဖို့ တရားမဝင် လာရောက်သူတွေဟာ ပင်လယ်ပြင်မှာ တားဆီးခံရပြီး မန်နူးဆိုတဲ့ ကျွန်းပေါ်မှာ ထိန်းသိမ်းထားပါတယ်။

အဲဒီမှာ ခိုလှုံခွင့် တောင်းတဲ့ ဒုက္ခသည်ပေါင်း ၈၅ဝ ရှိပါတယ်။ အခုလို ခွင့်ပြုတာ ကို ဆန့်ကျင်တဲ့ ရှေ့နေ Loani Henao က တရားသူကြီးက ဘာကြောင့် ဆုံးဖြတ်တယ် ဆိုတာ ရှင်းပြပါတယ်။

တရားရုံးချုပ် အမိန့်ထဲမှာ နယူးဂီနီ အစိုးရနဲ့ သြစတြေးလျ နိုင်ငံ တို့ရဲ့ အခြေခံဥပဒေနဲ့ မညီတဲ့လုပ်ရပ်ကို ချက်ခြင်းရပ်ဆိုင်းဖို့ အမိန့်ချလိုက်တယ်။

အခု ဆောင်ရွက်ချက် ဟာ တိုင်းပြည် အတွက် ဘာမှ အကျိုး မရှိဘူး။ နိုင်ငံခြားအတွက်သာ အကျိုးရှိစေတယ်လို့ ဆုံးဖြတ်ချက်က ဆိုကြောင်း ရှေ့နေက ရှင်းပြ သွားပါတယ်။

အထိနာ
ဓာတ်ပုံ မူပိုင် AFP
Image caption ၂ဝ၁၃ က ပါပူဝါနဲ့ သြစတြေးလျ လက်မှတ်ထိုး

ဒီဆုံးဖြတ်ချက်ကြောင့် ခိုလှုံခွင့် တောင်းသူတွေကို ဖမ်းထားပြီး ကမ်းလွန်ဒေသတွေ ကျွန်းတွေ ပေါ်မှာ နေရာချပေးတဲ့ သြစတြေးလျ နိုင်ငံရဲ့ ပေါ်လစီကို အထိနာစေပါတယ်။

၂ဝ၁၃ ခုနှစ်က လက်မှတ် ရေးထိုးတဲ့ သဘော တူညီချက်အရ ပါပူဝါ နယူးဂီနီ က မန်နူကျွန်းမှာ သြစတြေးလျရဲ့ ထိန်းသိမ်းရေး စခန်းမှာ လက်ခံဖို့ သဘောတူခဲ့ပါတယ်။

တကယ်လို့ ခိုလှုံခွင့် လျှောက်ထားသူ တွေက ဒုက္ခသည်ဖြစ်ဖို့ စစ်ဆေးတွေ့ရှိရင်လည်း အဲဒီကျွန်းတွေ ပေါ်မှာ အခြေချခွင့်ပေးမှာ ဖြစ်ပါတယ်။

အဲဒီလို လက်ခံတဲ့အတွက် ပါပူဝါ နယူးဂီနီ နိုင်ငံ ဘက်က ဒေါ်လာသန်းရာပေါင်း များစွာ ရရှိပါတယ်။

အခုတော့ တရားရုံးချုပ် ကနေ ဒါဟာ ဥပဒေနဲ့ မညီလို့ ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါပြီ။

မန်နူကျွန်းမှာ ရာနဲ့ချီတဲ့ ဒုက္ခသည် အဖြစ် လျှောက်ထားသူ တွေကို အခု ဆုံးဖြတ်ချက် ကြောင့် ချက်ခြင်း ဖြစ်လာမယ့် အကျိုးဆက် တွေကို အသေအချာ မသိရသေးပါဘူး။

အချို့လူတွေဆိုရင် ကျွန်းတွေမှာ နှစ်ရှည်လများ အဖမ်းခံထားရပါတယ်။

သြစတြေးလျရဲ့ မူဝါဒအရ တကယ်လို့ ထွက်ပြေးလာသူတွေဟာ ဒုက္ခသည် အစစ်တွေ ဖြစ်ရင်တောင် လှေနဲ့ တရားမဝင် ခိုးဝင်လာသူတွေကို သူတို့တိုင်းပြည်မှာ အခြေချ နေထိုင်ခွင့် မပြုရေး မူဝါဒပဲ ဖြစ်တယ်လို့ ဆစ်ဒနီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် Jon Donnison က သတင်း ပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ