အီရန် ပါလီမန် ရွေးကောက်ပွဲ သမ္မတ ဘက်တော်သား ပြုပြင်ရေး ဝါဒီတွေ အသာရနေ

Image caption အီရန် ပါလီမန် ကို ရှေးရိုးစွဲ သဘောထား တင်းမာသူတွေက ၁၀ စုနှစ် ကြာ လွှမ်းမိုး ထားတာကို အဆုံးသတ် သွားစေနိုင်။

အီရန်နိုင်ငံ ပါလီမန် ရွေးကောက်ပွဲ ဒုတိယ အကျော့ ယှဉ်ပြိုင်မှုမှာ သမ္မတ ဟာဆန် ရူဟာနီ နဲ့ မဟာမိတ် လုပ်ထားတဲ့ ပြုပြင် ပြောင်းလဲရေး သမားတွေ ဘက်က အသာ ရနေပါတယ်။

အဲဒီ့ အလယ်အလတ် သဘောထား ရှိသူတွေဟာ အခု ရွေးချယ်နေတဲ့ လွှတ်တော် နေရာ ၆၈ နေရာမှာ အနည်းဆုံး တဝက်လောက် ရရှိထားပြီ ဖြစ်ပါတယ်။

အရင် ၂ လက ပြုလုပ်တဲ့ ပထမ အကြိမ်ရွေးကောက်ပွဲ တုန်းကလည်း အလယ်လတ် သမားတွေပဲ အသာရခဲ့တာ ဖြစ်ပါတယ်။

အခု ဒုတိယ အကျော့ ယှဉ်ပြိုင်မှုမှာ အမျိုးသမီးတွေလည်း ထပ်နိုင်ခဲ့တယ်လို့ အီရန် ပြည်ထဲရေး ဝန်ကြီး ဟာဆန် အလီ အာမီရီ က ပြောပါတယ်။

အခုလို ရလဒ်တွေကြောင့် ပါလီမန်အတွင်း သမ္မတ ရူဟာနီကို ထောက်ခံသူ အများစု နေရာ ရလာပြီ ဆိုရင် အီရန် ပါလီမန် ကို ရှေးရိုးစွဲ သဘောထား တင်းမာသူတွေက ၁၀ စုနှစ် ကြာ လွှမ်းမိုး ထားတာကို အဆုံးသတ် စေမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ