မေဒေး ဆန္ဒပြသမားတွေ အစ္စတန်ဘူလ်မှာ အဖြိုခွဲခံရ

mayday_istanbul_besiktas
Image caption အစ္စတန်ဘူ မှာ မေဒေးနေ့ချီတက် ပွဲ တစ်ခုကိုသာ အာဏာပိုင် တွေက ခွင့်ပြု။

တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့ရဲ့ နာမည်ကျော် တာ့ခ်ဆီးမ် ရင်ပြင်မှာ မေဒေးနေ့ ချီတက်ပွဲ ပြုလုပ်ဖို့ ကြိုးစား ကြသူတွေကို ရဲတွေက မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဖြိုခွဲ ခဲ့ပါတယ်။

မေလ ၁ ရက် မေဒေးနေ့မှာ အစ္စတန်ဘူ မြို့တော် တဝှမ်း ရဲတပ်ဖွဲ့ဝင် နှစ်သောင်းခွဲ ကျော် အထိ လုံခြုံရေး အင်အား အကြီးအကျယ် တိုးမြှင့် ချ ထားပါတယ်။

အစ္စတန်ဘူ မှာ မေဒေးနေ့ချီတက် ပွဲ တစ်ခုကိုသာ အာဏာပိုင် တွေက ခွင့်ပြု ခဲ့ပြီး မြို့တော် လေဆိပ် အနီး မှာ ဖြစ်ပါတယ်။

တခါ၊ တူရကီ နိုင်ငံ တောင်ပိုင်း ဂါဇီယန်းတက်ပ် ဆိုတဲ့ မြို့က ရဲစခန်း အပြင်ဘက်မှာ ကားဗုံးတစ်လုံး ကွဲခဲ့လို့ အနည်းဆုံး ရဲ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး သွားပြီး အရပ်သားတွေ အပါအဝင် ထိခိုက် ဒဏ်ရာ ရသွား ကြသူတွေ လည်း ရှိပါတယ်။

အဲဒီ့ ဂါဇီယန်းတက်ပ် ဆိုတဲ့ တူရကီ မြို့ဟာ ဆီးရီးယား နယ်စပ် အနီး တည်ရှိ ပါတယ်။

ကားဗုံး ကွဲချိန်မှာပဲ သေနတ်သံတွေ ထွက်ပေါ် လာခဲ့တယ် ဆိုတဲ့ အတည် မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

တူရကီ နိုင်ငံမှာ အခုလို တိုက်ခိုက်မှု တွေ အကြိမ်ရေ တော်တော်များများ ဖြစ်ပေါ် လာနေတာမှာ တချို့ တိုက်ခိုက်မှု တွေကို ကာ့ဒ် မျိုးနွယ်စု လက်နက်ကိုင် တွေက ပြုလုပ် ခဲ့တာ ဖြစ်သလို၊ တချို့ကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က ကျူးလွန် ခဲ့ကြတာ ဖြစ်ပါတယ်။

တူရကီ အရှေ့တောင်ပိုင်းက နိုဆိုင်းရ်ဘင် ဆိုတဲ့ မြို့မှာ လှုပ်ရှားနေကြတဲ့ အစိုးရ တပ်ဖွဲ့ဝင် တွေလည်း အတိုက်ခိုက် ခံခဲ့ရလို့ စစ်သား ၃ ဦး သေဆုံး သွားပြီး ၁၄ ဦး ဒဏ်ရာ ရခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ