ရင်သားကင်ဆာ အကြောင်း အပြည့်အစုံ နီးပါး သိလာပြီ

  • 2 မေ 2016
_breast_cancer ဓာတ်ပုံ မူပိုင် Getty Images
Image caption အရင်က မသိရ သေးတဲ့ ရင်သားကင်ဆာ နဲ့ ဆက်စပ်နေတဲ့ ဗီဇဆဲလ် ၅ မျိုးကို ထပ်မံ တွေ့ ရှိ။

ရင်သားကင်ဆာ ရောဂါ နဲ့ ပတ်သက်ပြီး မျိုးရိုးဗီဇ ဆိုင်ရာ လေ့လာမှု တွေကို ပြုလုပ်ဖူး သမျှ တွေ ထဲ အကျယ်ပြန့်ဆုံး အနေနဲ့ နိုင်ငံတကာက ပညာရှင် တွေ စုပေါင်းပြီး ပြုလုပ် ခဲ့ကြတာ မှာ အခုဆိုရင် ရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းကို အလုံးစုံ နီးပါး သိရှိ ခဲ့ရပြီ လို့ ပြောလာပါတယ်။

ရောဂါ ဖြစ်စေတဲ့ ဗီဇ ဆဲလ် အမျိုးအစား တွေ အားလုံး ကို သိရှိ နိုင်ဖို့ အတွက် ရင်သားကင်ဆာ ခံစား နေရတဲ့ ရောဂါရှင် ၅၀၀ ကျော် ကို လေ့လာ ခဲ့တာ မှာ အရင်က မသိရ သေးတဲ့ ရင်သားကင်ဆာ နဲ့ ဆက်စပ်နေတဲ့ ဗီဇဆဲလ် ၅ မျိုးကို ထပ်မံ တွေ့ ရှိ လာပါတယ်။

ဒါ့ကြောင့် ဆဲလ်တွေ ပျက်စီး ပြောင်းလဲရင် ရင်သား ကင်ဆာ အကြိတ် တွေ ဖြစ်စေနိုင်တဲ့ သိထား ရသမျှ ဗီဇဆဲလ် အမျိုးအစားပေါင်း ၉၃ မျိုး ရှိလာပြီ ဖြစ်ပါတယ်။

အခုလို ဘယ် ဆဲလ် အမျိုးအစား ကြောင့် ဖြစ်တာလဲ ဆိုတာ ပို ခွဲခြားပြီး သိနိုင်လေလေ၊ ဝေဒနာ ရှင် တစ်ဦးချင်းစီ အလိုက် ပိုပြီး သက်ဆိုင် ဆီလျော်တဲ့ ကုသမှုမျိုး ပေးနိုင် လေလေပဲ လို့ သုတေသီတွေက ပြောပါတယ်။

အခု လေ့လာမှုကို ကိန်းဘရစ်ချ် အခြေစိုက် ဆဲန်ဂါ အင်စတီကျူ့ အဖွဲ့ကနေ ဦးဆောင် ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ