လက်စတာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီ

_leicester_city_fans ဓာတ်ပုံ မူပိုင် bbc
Image caption လက်စတာ ချန်ပီယံ ဖြစ်မယ် လို့ လောင်းရင် အဆ ၅ ထောင် ပေးမယ် ဆိုပြီး ကြေးဖွင့် ခံခဲ့ရ။

ချယ်ဆီး ကွင်းမှာ တော့တင်ဟမ် အသင်း ၂ ဂိုးစီ သရေကျ သွားတဲ့ တနင်္လာနေ့ ပရီးမီးယားလိဂ် ပွဲ ရဲ့ အဓိပ္ပာယ်ဟာ လက်စတာ ချန်ပီယံ ဖြစ်သွားပြီ ဆိုတဲ့ ပရီမီယာလိဂ် သမိုင်းမှာ အင်မတန် အံ့ဩထူးခြား လှတဲ့ ဖြစ်ရပ် တကယ့်ကို ဖြစ်လာစေ တာပါ။

ပြီးခဲ့တဲ့ ရာသီ တုန်းက လက်စတာဟာ အတန်းဆင်းရ လုနီးပါး ဖြစ်ခဲ့တဲ့ အတွက် ဘောလုံး လောင်းကစားဒိုင် တွေက လက်စတာ ချန်ပီယံ ဖြစ်မယ် လို့ လောင်းရင် အဆ ၅ ထောင် ပေးမယ် ဆိုပြီး ကြေးဖွင့် ခဲ့တာပါ။

အခုတော့ လက်စတာ တကယ်ပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာတာဟာ ဘောလုံး လောကမှာ ပြောစမှတ် တွင်မယ့် ကြီးကျယ်တဲ့ ဖြစ်ရပ်လို့ ဘီဘီစီ အတွက် ဘောလုံး ဝေဖန်ရေးသမား လုပ်ပေး နေတဲ့ အင်္ဂလန် တိုက်စစ်မှုးဟောင်းအလန် ရှီးယား က ပြောပါတယ်။

အခုနှစ် ပရီမီယာလိဂ်မှာ ၃ ပွဲ ပဲ ရှုံးသေးတဲ့ လက်စတာရဲ့ အောင်မြင်မှုဟာ ဘောလုံးလောက အတွက် အံ့မခန်း ပုံပြင်သဖွယ် တသသ ပြောနေရတော့ မှာ ဖြစ်ပါတယ်။

သမိုင်းတွင်ခဲ့တဲ့ လက်စတာ

ဘောလုံးသမိုင်းမှာ မှတ်တိုင်သစ် စိုက်လိုက်တဲ့ လက်စတာရဲ့ ရာသီ

၁၃၂ နှစ်

လက်စတာကလပ်ရဲ့ သက်တမ်း

  • ဒီရာသီမှာ ဂျေမီဗာဒီအခုထိသွင်းခဲ့တဲ့ဂိုး ၂၂

  • လက်စတာ ပထမ ၁၁ယောက်ရဲ့ တန် ကြေး ပေါင်၂၂သန်း

  • လက်စတာ အသင်းသားတွေရဲ့ လစာ ၅၄ သန်း

  • ဗိုလ်စွဲလို့ လာမယ့်နှစ် လက်စတာ ရမယ့်ဝင်ငွေ ၂၀၀ သန်း

Reuters

ဒီသတင်းနဲ့ပတ်သက်သမျှ