တူရကီနိုင်ငံသားတွေ ရှန်ဂန်ဇုံထဲ ဗီဇာ မလိုပဲ သွားနိုင်တော့မယ်

migrant_return_to_turkey ဓာတ်ပုံ မူပိုင်
Image caption ရွှေ့ပြောင်းသူ လူစီးကြောင်းကြီးကို ထိန်းချုပ် နိုင်ရေးမှာ တူရကီ နိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အီးယူဘက်က လိုအပ် နေ။

ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံ အများစု ပါဝင်တဲ့ ရှဲန်ဂန်ဇုံ ကြီး နဲ့ တူရကီ နိုင်ငံ အကြား ဗီဇာ မလိုပဲ ကူးသန်း သွားလာခွင့်ကို လာမယ့် ဗုဒ္ဓဟူး နေ့က စလို့ အီးယူဘက်ကနေ တောင်းဆိုမှု အချို့ ပြုလုပ်ရင်း ပေးလာတော့မှာ ဖြစ်တယ် ဆိုပြီး ဥရောပ ကော်မရှင် မှာ ရှိတဲ့ သတင်းရစ်မြစ် တွေက ဘီဘီစီကို ပြောပါတယ်။

ဒါဟာ တူရကီ ဘက်ကနေ အီဂျီအန် ပင်လယ်ကို ဖြတ်ပြီး ဂရိ နိုင်ငံဆီ ဝင်ရောက် လာသူ တွေ ထဲက ခိုလှုံခွင့် လျှောက်ထားလို့ မအောင်မြင်သူတွေကို တူရကီ က ပြန်လက်ခံဖို့ သဘောတူ ခဲ့တဲ့ အပေါ် အီးယူဘက်ကလည်း အခုလို လိုက်လျောမှု ပြုလုပ် ပေးလာတာ ဖြစ်ပါတယ်။

ဒါပေမယ့် တူရကီ အာဏာပိုင် တွေ အနေနဲ့ နိုင်ငံတွင်း လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်မျှတတဲ့ တရားစီရင်မှု ရပိုင်ခွင့် စတဲ့ လူ့အခွင့်အရေးတွေ ရှိဖို့ အာမခံရမှာ ဖြစ်သလို လူနည်းစုတွေ ရဲ့ အခွင့်အရေးတွေကိုလည်း အကာအကွယ် ပြုရမှာ ဖြစ်တယ်လို့ အီးယူဘက်က တောင်းဆို ထားပါတယ်။

ဥရောပထဲ ဝင်ရောက်နေတဲ့ ရွှေ့ပြောင်းသူ လူစီးကြောင်းကြီးကို ထိန်းချုပ် နိုင်ရေးမှာ တူရကီ နိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အီးယူဘက်က လိုအပ် နေတဲ့ အတွက် အခုလို တူရကီ နိုင်ငံသားတွေကို ရှဲန်ဂန်ဇုံ ကြီးထဲ ဗီဇာ မပါပဲ ဝင်ရောက်ခွင့် ပေးရေးအပေါ် အီးယူခေါင်းဆောင်တွေ လိုလိုလားလား ရှိနေကြတာ ဖြစ်တယ်လို့ ဘီဘီစီရဲ့ ဥရောပ ဆိုင်ရာ အယ်ဒီတာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ