ရွှေ့ပြောင်းသူအရေး ကိုင်တွယ်ဖို့ နီဂျဲနိုင်ငံက ယူရို သန်းတစ်ထောင်တောင်း

niger_migrants ဓာတ်ပုံ မူပိုင်
Image caption ဥရောပတိုက်ကို ရောက်ရှိဖို့ ကြိုးစားကြတဲ့ အာဖရိကတိုက်က သူတွေ ဖြတ်သန်း သွားရာ အဓိက လမ်းကြောင်းမှာ နီဂျဲ နိုင်ငံ ပါဝင်။

တရားမဝင် နယ်စပ် ရွှေ့ပြောင်း ဝင်ရောက်မှု ပြဿနာကို ကိုင်တွယ်ဖို့ ဆိုရင် သူတို့ နိုင်ငံ တစ်ခုတည်း ကတင် ယူရိုငွေ သန်းတစ်ထောင် လိုအပ်တယ်လို့ အာဖရိက အနောက်ပိုင်း နိုင်ငံတစ်ခု ဖြစ်တဲ့ နီဂျဲ နိုင်ငံ က ပြောလိုက်ပါတယ်။

နီဂျဲ မှာ ရောက်ရှိနေတဲ့ ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး တွေ ရဲ့ ရှေ့မှောက်မှာ နီဂျဲ နိုင်ငံခြားရေး ဝန်ကြီး အီဘရာဟင်မ် ယာကု(ပ)ဘားက အခုလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဥရောပတိုက်ကို ရောက်ရှိဖို့ ကြိုးစားကြတဲ့ အာဖရိကတိုက်က သူတွေ ဖြတ်သန်း သွားရာ အဓိက လမ်းကြောင်းမှာ နီဂျဲ နိုင်ငံ ပါဝင်နေပြီး တစ်နှစ် ကို အနည်းဆုံး လူ တစ်သိန်းကျော် နီဂျဲကို ဖြတ်သွား နေကြပါတယ်။

လူဝင်မှု အကြပ်အတည်းကို ကိုင်တွယ်ဖို့ ပြီးခဲ့တဲ့ နှစ်က ဆိုရင် အနောက် အာဖရိက ဒေသ တစ်ခုလုံး အတွက် အသုံး စားရိတ် ယူရို သန်းတစ်ထောင်ကျော် ဥရောပက သုံးစွဲ ခဲ့ရပါတယ်။

အာဖရိက နိုင်ငံတွေ ရဲ့ ခေါင်းဆောင် တွေကတော့ ငွေကြေး ပိုမို သုံးစွဲဖို့ လိုအပ်နေတယ် လို့ ပြောဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ