ရီပတ်ဘလေကန် သမ္မတလောင်း ဖြစ်ဖို့ ကြိုးစားနေသူတွေ နှုတ်ရေးနဲ့ တစ်ဦးကိုတစ်ဦး ပြင်းပြင်းထန်ထန် တိုက်ခိုက်

_trump_and_cruz
Image caption မစ္စတာ ထရမ့်ကိုသာ ရွေးကောက်မိကြရင် အမေရိကန် တစ်နိုင်ငံလုံး ချောက်ထဲကျ သလို ဖြစ်လိမ့်မယ် လို့ မစ္စတာ ခရုဇ်က သတိပေး ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ်မှာ အမေရိကန် သမ္မတလောင်း ရွေးပွဲ ပြုလုပ် နေချိန်မှာပဲ ရီပတ်ဘလေကဲန် ပါတီကို ကိုယ်စားပြုပြီး သမ္မတလောင်း ဖြစ်ဖို့ ယှဉ်ပြိုင် နေကြတဲ့ ဒေါ်နယ် ထရမ့်နဲ့ တက်ဒ် ခရုဇ်တို့ကြား နှုတ်အားဖြင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှုတွေ အပြန်အလှန် ဖြစ်လာပါတယ်။

အမေရိကန် သမ္မတ ကနေဒီကို လုပ်ကြံခဲ့သူနဲ့ မစ္စတာ ခရုဇ်ရဲ့ ဖခင် အကြား အဆက်အစပ် ရှိနေတယ်လို့ ဒေါ်နယ်ထရမ့် က ပြောဆို ခဲ့ပါတယ်။

မစ္စတာ ခရုဇ်ကလည်း ဒေါ်နယ်ထရမ့်ဟာ အသွေးအသားထဲကကို လိမ်ညာ ပြောဆိုတတ်သူ တစ်ဦးဖြစ်ပြီး မိန်းမ လိုက်စားသူ တစ်ယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ ထရမ့်ကိုသာ ရွေးကောက်မိကြရင် အမေရိကန် တစ်နိုင်ငံလုံး ချောက်ထဲကျ သလို ဖြစ်လိမ့်မယ် လို့ မစ္စတာ ခရုဇ်က သတိပေး ခဲ့ပါတယ်။

အင်ဒီယာနာ ပြည်နယ် ပရိုင်မာရီမှာ အတွက် တင်ကြို စစ်တမ်းတွေ အရ မစ္စတာ ထရမ့် အလွယ်တကူ နိုင်နိုင်တယ်လို့ ဖော်ပြ နေပါတယ်။

ဒီမိုကရက်ပါတီကို ကြည့်ရင်တော့ ဟီလာရီ ကလင်တန်ဟာ ပြိုင်ဘက် ဘာနီ ဆဲန်ဒါးစ်ကို ပြတ်ပြတ်သားသား ဦးဆောင် နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ