ဓါးစာခံတွေကို သတ်ဖို့ စစ်သွေးကြွ ခြိမ်းခြောက်

  • 4 မေ 2016
အဖမ်းခံထားရတဲ့ နိုင်ငံခြားသားများ ဓာတ်ပုံ မူပိုင် AFP
Image caption အဖမ်းခံထားရတဲ့ နိုင်ငံခြားသားများ

ဖိလစ်ပိုင် နိုင်ငံမှာရှိတဲ့ အိုင်အက်စ်နဲ့ဆက်သွယ်ထားတဲ့ အဘူဆာရက် စစ်သွေးကြွ အဖွဲ့က သူတို့ရဲ့ တောင်းဆိုချက်တွေ မရရင် နောက်ထပ်ဓါးစာခံ သုံးယောက်ကို သတ်မယ်လို့ ခြိန်းခြောက်နေပါတယ်။ နော်ဝေ ကနေဒါနဲ့ ဖလစ်ပိုင်က အဖမ်းခံရသူတွေဟာ လက်နက်ကိုင် အဘူဆာရက် တွေဝိုင်းရံထားတဲ့ ဗီဒီယိုထဲမှာ တွေ့ရပြီး သူတို့အစိုးရတွေ အကူအညီ ပေးဖို့ အသနားခံ ထားပါတယ်။

သူတို့တောင်းတဲ့ပြန်ပေးငွေ ဒေါ်လာသန်းချီ မပေးတဲ့အတွက် ကနေဒါနိုင်ငံ သားတယောက်ကို ပြီးခဲ့တဲ့လက အဘူဆာရက်အဖွဲ့က ခေါင်းဖြတ်သတ်ခဲ့ပါတယ်။