မလေးရှားမှာ နိုင်ငံတော်ရံပုံငွေအကြံပေးအဖွဲ့ဖျက်သိမ်း

မလေးရှားဝန်ကြီးချုပ် ဓာတ်ပုံ မူပိုင် Reuters
Image caption မလေးရှားဝန်ကြီးချုပ်

မလေးရှားနိုင်ငံမှာ နိုင်ငံရေးအ ရှုတ်တော်ပုံရဲ့အဓိကကျတဲ့ နေရာမှာပါတဲ့ နိုင်ငံတော်ရံပုံငွေဆိုင်ရာလအကြံပေးအဖွဲ့ကို ဖျက်သိမ်း လိုက်တယ်လို့ မလေးရှား ဘဏ္ဍာရေး ဝန်ကြီးဌာနကပြောပါတယ်။

တိုင်းပြည်မှာ စီးပွားရေးနဲ့လူမှုရေး ဖွံ့ဖြိုးအောင်လုပ်ဖို့ 1MDBအဖွဲ့ကို ဝန်ကြီးချုပ် Najib Razakက ထူထောင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဖွဲ့မှာ ကြွေးဒေါ်လာဘီလျံနဲ့ ချီပြီးတင်လာတဲ့အခါ အဂတိလိုက်စားမှုရှိတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။

ဒီရံပုံငွေကနေ ကိုယ်ကျိုးအတွက် အကျိုးအမြတ်ရနေတယ်ဆိုတာကို ဝန်ကြီးချုပ် အကြိမ်ကြိမ်ငြင်းဆန်ခဲ့ပြီး မလေးရှား အာဏာပိုင်တွေကလည်း ဝန်ကြီးချုပ်အနေနဲ့ ကင်းရှင်းမှု ရှိကြောင်းလက်ခံခဲ့ပါတယ်။