ဘရာဇီး အောက်လွှတ်တော် ဥက္ကဌ ရာထူးက ဆိုင်းငံ့ခံရ

_eduardo_cunha
Image caption ဒေါ်လာ သန်းနဲ့ ချီတဲ့ လာဘ်ငွေ တွေကို မစ္စတာ ကူးညာ လက်ခံရယူခဲ့တဲ့ သက်သေ အထောက်အထားတွေ ရရှိထားတယ် လို့ ဘရာဇီး တရားရေး အာဏာပိုင် တွေက ပြော။

ဘရာဇီး နိုင်ငံမှာ ဩဇာကြီးတဲ့ အောက်လွှတ်တော် ဥက္ကဌ အက်ဒ်ဒွါးဒို ကူးညာကို ဘရာဇီး တရားရုံးချုပ်က တာဝန်ကနေ ဆိုင်းငံ့ လိုက်ပါတယ်။

ငွေကြေး မသမာမှု စွဲချက်တွေ နဲ့ ပတ်သက်ပြီး တရားရေး အာဏာပိုင်တွေက စုံစမ်းနေတာ တွေကို မစ္စတာ ကူးညာက အနှောင့်အယှက် ပြုခဲ့တယ်လို့ စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။

နိုင်ငံပိုင် ရေနံကုမ္ပဏီ ပက်ထရိုဘရပ်စ် နဲ့ ပတ်သက်ပြီး ဒေါ်လာ သန်းနဲ့ ချီတဲ့ လာဘ်ငွေ တွေကို မစ္စတာ ကူးညာ လက်ခံရယူခဲ့တဲ့ သက်သေ အထောက်အထားတွေ ရရှိထားတယ် လို့ ဘရာဇီး တရားရေး အာဏာပိုင် တွေက ပြောပါတယ်။

မစ္စတာ ကူးညာဟာ သမ္မတ ဂျီးလ်မား ရူးဆက်ဖ်ကို ရာထူးကနေ ဖယ်ရှားနိုင်တဲ့ အထိ တရားဝင် ကြားနာ စစ်ဆေးမှု ပြုလုပ် နိုင်ဖို့ အဓိက ကြိုးစား ခဲ့တဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ