အာရှသုံးနိုင်ငံအတွင်း ပင်လယ်ပြင်ကင်းလှည့်မည်

  • 5 မေ 2016
Abu Sayyafတို့ဖိလစ်ပိုင်မှာအခြေချ
Image caption Abu Sayyafတို့ဖိလစ်ပိုင်မှာအခြေချ

အင်ဒိုနီးရှား၊မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ တောင်ပိုင်းဖိလစ်ပိုင်မှာရှိတဲ့ အိုင်အက်စ် စစ်သွေးကြွတွေက သင်္ဘောပြန် ပေးဆွဲနေတာကို တားဆီးဖို့ ရေတပ် အချင်းချင်း ပူးတွဲကင်းလှည့် ကြမှာဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ပြုလုပ်တဲ့ လုံခြုံရေး ထိပ်သီး အစည်းအဝေးအပြီးမှာ အစိုးရ ၃ခုကြားမှာ အခုလိုသဘောတူညီ ချက်ရတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retro Marsudiကတော့ အားလုံးပူပန် စရာဖြစ်နေတဲ့ ပင်လယ်ပိုင်နက်မှာ စုပေါင်းကင်းလှည့်ကြမှာ ဖြစ်ပါတယ်။

ဒီလိုနိုင်ငံဖြတ်ကျော် မှုခင်းတွေကို မနှိမ်နင်းရင် ဒေသတွင်းစီးပွားရေး ကုန်သွယ်ရေးကို အားနည်း သွားစေနိုင်တယ်လို့ အစည်းအဝေးမှာ ဝန်ကြီးကပြောသွားပါတယ်။

အရေးပေါ်အခြေအနေမျိုးမှာ ကင်းလှည့် သင်္ဘောတွေအနေနဲ့ တနိုင်ငံ ရေပိုင်နက်ကိုတနိုင်ငံက ကျော်ဖြတ်ခွင့်ပြုမှာဖြစ်ပါတယ်။

ဒေသတွင်းမှာ အိုင်အက်စ်နဲ့ဆက်သွယ်ထားတဲ့ Abu Sayyafစစ်သွေးကြွတွေက ဒေါ်လာသန်းချီပေးရွေးရတဲ့ ပြန်ပေးဆွဲမှုတွေ ပြုလုပ်နေပါတယ်။