ဆီးရီးယား ဒုက္ခသည်စခန်း လေကြောင်း အတိုက်ခံရ

syria_refugee_camp_airstrike
Image caption အခု သီတင်းပတ်တွေ အတွင်း အစိုးရတပ်ရဲ့ လေကြောင်း တိုက်ခိုက် မှုတွေဟာ အဲဒီ့ ဒေသကို ပစ်မှတ်ထား လုပ်ဆောင် နေ။

ဆီးရီးယား မြောက်ပိုင်း အစ်ဒ်လစ်ဘ် ပြည်နယ်ထဲက ဒုက္ခသည်စခန်း တစ်ခု လေကြောင်း တိုက်ခိုက် ခံခဲ့ရတဲ့ အတွက် အနည်းဆုံး လူ အယောက် ၃၀ သေဆုံးသွားပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယား အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အတိုက်ခိုက် ခံခဲ့ရပြီးတဲ့နောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာ မီးလောင်နေတဲ့ တဲအိမ်တွေကို မီးသတ်သမား တွေက ရေတွေနဲ့ ပက်ဖြန်း ငြိမ်းသတ် နေကြပြီး ကယ်ဆယ်ရေး သမားတွေကလည်း ရုပ်အလောင်းတွေကို သယ်ထုတ် လာနေတာတွေကို တွေ့နေရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဘယ်သူ့ လက်ချက်လည်းဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

ဒါပေမယ့် အစ်ဒ်လစ်ဘ် ပြည်နယ်ကို သူပုန်တွေ ထိန်းချုပ်ထားမှု အားလျော့သွားအောင် ဆီးရီးယား အစိုးရက ကြိုးစားတဲ့ အနေနဲ့ အခု သီတင်းပတ်တွေ အတွင်း အစိုးရတပ်ရဲ့ လေကြောင်း တိုက်ခိုက် မှုတွေဟာ အဲဒီ့ ဒေသကို ပစ်မှတ်ထား လုပ်ဆောင် နေပါတယ်။

အရပ်သားတွေကို အခုလို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး အတွက် ဘယ်လို အကြောင်းပြချက်မှ ပေးလို့ မရနိုင်ဘူးလို့ အမေရိကန် အစိုးရ ရှုတ်ချ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ