အာရှ တက္ကသိုလ်တွေ အဆင့်တက်လာ

  • 5 မေ 2016
Harvard University ဓာတ်ပုံ မူပိုင် Getty
Image caption ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်အဖြစ် ဆက်နေရာယူထားဆဲ ဟားဗတ်

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၁၀၀ သတ်မှတ်တဲ့အထဲမှာ အရင် ထိပ်တန်းရောက်နေကျ အနောက်နိုင်ငံတွေ က တက္ကသိုလ်တွေ အောက်ကို လျောကျ ခဲ့ တာတွေ ရှိခဲ့သလို အာရှ က တက္ကသိုလ်တွေလည်း အဆင့်တွေ အတော် တိုးပြီး ကောင်းလာပါတယ်။

နိုင်ငံတကာမှာ ထိပ်တန်းတက္ကသိုလ် တွေ အဖြစ် အရင်ကလည်း ကျော်ကြား အခုလည်း ထိပ် ကရောက်နေတာ ကတော့ အမေရိကန်ကဟားဗတ်က နံပတ် တစ်နဲ့ ထိပ်ပါ။ သူ့နောက် က အမေရိကန်ကပဲ အမ်အိုင်တီ တို့ စတန်းဖို့ ယူနီဗာစီတီ တို့ပါ။ ဗြိတိန် က ကိန်းဘရစ်နဲ့ အောက်စဖို့ တို့လည်း အမှတ်စဉ် ၄ နဲ့ ၅ အဆင့် ကို ချိတ်ပါတယ်။

အာရှ အဆင့်လည်းတက်လာ ဒါပေမယ့် အာရှဘက် က တက္ကသိုလ်တွေလည်း ထိပ်ဆုံးအဆင့် ဝင်လာကြပါပြီ။ ဥပမာ ဂျပန် က တိုကျိုတက္ကသိုလ်ဆိုရင် အမှတ်စဉ် ၁၂ ချိတ်ပါတယ်။ တရုတ်က တက္ကသိုလ်တွေ လည်း ထိပ်တန်း အကောင်းဆုံး အဆင့် ၂၀ အတွင်း ကို ပထမဆုံးအကြိမ် ဝင်လာ ပါပြီ။ တရုတ် ကထိပ်တန်း တက္ကသိုလ် ဖြစ်တဲ့ ကျင်းဟွာတက္ကသိုလ် ဆိုရင် အကောင်းဆုံး တက္ကသိုလ် အဆင့် ၁၈ ဖြစ်လာပါပြီ။ ပီကင်း တက္ကသိုလ် ဆိုရင် အဆင့် ၂၁ မှာ ရှိတယ်။ တောင်ကိုရီးယား နဲ့ ဟောင်ကောင် ကတက္ကသိုလ် ၅ ခုလည်း အခု ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းထဲကို ဝင်လာပါပြီ။ စင်ကာပူ အမျိုးသား တက္ကသိုလ် လည်း အဆင့် ၂၆ မှာ ချိတ်ပါတယ်။ ပညာရေးမှာ နာမည်ကြီးတဲ့ ဗြိတိန် က တက္ကသိုလ် ၁၀ ခု ဒီ ထိပ်တန်း ၁၀၀ စာရင်းမှာ ရှိနေ ပေမယ့် တချို့လည်း အဆင့်လျောသွားလို့ စာရင်းထဲမှာ မပါတော့ပါဘူး။ တက္ကသိုလ်တွေနဲ့ ပတ်သက်လို့ ဒီ အဆင့်တွေ သတ်မှတ်ချက် ကို ဆန်းစစ်လုပ်ဆောင်ခဲ့တာကတော့ Times Higher Education အဖွဲ့ ပါ။

အခု ထိပ်တန်းတက္ကသိုလ် အဆင့်သတ်မှတ်ချက် ကို သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ ဂုဏ်သတင်း ကျော်ကြားမှုတွေ၊ အများက ပေးကြတဲ့အဆင့် သတ်မှတ်ချက်တွေ၊ တစ်ခါ နိုင်ငံတကာ က ပညာရှင်တွေ ရဲ့ သဘောထားအမြင်တွေ မူတည်ပြီး သတ်မှတ် ပေးခဲ့တာဖြစ်ပါတယ်။