ကနေဒါတောမီး နှစ်ဆကြီး လာမယ်လို့ သတိပေးနေ

canada_fire_promo ဓာတ်ပုံ မူပိုင် Pipistrel Aircraft
Image caption လက်ရှိ လောင်ကျွမ်း နေတဲ့ တောမီး ဟာ စတုရန်းမိုင် ၆ ရာကျော် အကျယ်အဝန်း အထိ ရှိနေ။

ကနေဒါ အနောက်ဘက် အယ်လ်ဘာတာ ပြည်နယ်ထဲ တောမီး အကြီးအကျယ် ဆက်လက် လောင်ကျွမ်း နေတဲ့ အတွက် နောက်ထပ် လူတွေ ထောင်ပေါင်းများစွာကို ဆက်လက် ရွှေ့ပြောင်း ပေးရမယ့် အခြေအနေ ရှိနေပါတယ်။

ရေနံ ထုတ်လုပ်ရာ Fort McMurray မြို့ကနေ ခန့်မှန်း ခြေ လူပေါင်း ၈ သောင်း လောက်အထိ ကို ရွှေ့ပြောင်း ခဲ့ရပြီး ဖြစ်ပါတယ်။

လက်ရှိ လောင်ကျွမ်း နေတဲ့ တောမီး ဟာ စတုရန်းမိုင် ၆ ရာကျော် အကျယ်အဝန်း အထိ ရှိနေပြီ ဖြစ်ပေမယ့် အဲဒီ့ ပမာဏထက် နှစ်ဆတိုး ကျယ်ပြန့် လာလိမ့်မယ်လို့ ကနေဒါ အာဏာပိုင်တွေက သတိပေး နေပါတယ်။

ကနေဒါ နိုင်ငံမှာ နေရာချ ပေးထားတဲ့ ဆီးရီးယား ဒုက္ခသည်တွေ အပါအဝင် ကနေဒါ က အလွှာပေါင်းစုံ၊ အခန်းကဏ္ဍ ပေါင်းစုံက သူတွေဟာ မီးဘေးကြောင့် ဘေးလွတ်ရာ ပြေးကြရသူတွေ အတွက် ဝိုင်းဝန်းကူညီ ပေးနေတယ် ဆိုပြီး အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ရိုနာ အမ်ဘရို့စ်က ချီးကျူး ပြောဆို ခဲ့ ပါတယ်။

အခုလို တောမီး အကြီးအကျယ် လောင်ကျွမ်း နေတဲ့ အတွက် ကနေဒါ နိုင်ငံရဲ့ ရေနံ ထုတ်လုပ်မှု ပမာဏ ၃ ပုံ ၁ ပုံ အထိ ရပ်တန့် ထားရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ