လန်ဒန်မှာ မွတ်ဆလင်မ်တစ်ဦး ပထမဆုံး အကြိမ် မြို့တော်ဝန် ဖြစ်လာ

uk_sadiq_khan_ ဓာတ်ပုံ မူပိုင် b
Image caption လန်ဒန် မြို့တော်ဝန် နေရာကို မွတ်ဆလင်မ် တစ်ဦး ပထမဆုံး အကြိမ် ရရှိ။

လန်ဒန်ရဲ့ မြို့တော်ဝန် အဖြစ် အတိုက်အခံ လေဘာ ပါတီ ကနေ ဝင်ရောက် အရွေးခံခဲ့ရတဲ့ ဆာဒစ်ခ်ခန်း အတင်မြှောက် ခံလိုက်ရပြီ ဖြစ်ပါတယ်။

လန်ဒန် မြို့တော်ဝန် နေရာကို မွတ်ဆလင်မ် တစ်ဦး ပထမဆုံး အကြိမ် ရရှိ လာတာပါ။

လန်ဒန် တောင်ပိုင်း Southwark ဆိုတဲ့ အရပ်၊ သိမ်းမြစ် ကမ်းဘေး တည်ရှိတဲ့ ခရစ်ယာန် ကက်ဒီဒရယ်လ် ဘုရားကျောင်းကြီး မှာ အခမ်းအနား ပြုလုပ်ပြီး မြို့တော်ဝန် ရာထူးကို မစ္စတာခန်း တစ်ယောက် ခပ်ခံ ရယူ ခဲ့ပြီ ဖြစ်ပါတယ်။

ပါကစ္စတန် ကနေ ယူကေ ကို ရွှေ့ပြောင်း အခြေချပြီး ဘတ်စ်ကား မောင်းသမား တစ်ယောက် အဖြစ် အသက်မွေးခဲ့သူ ဖခင်ကနေ မွေးဖွား လာခဲ့တဲ့ မစ္စတာခန်း ဟာ လန်ဒန် မြို့တော်ဝန် အဖြစ် အခုလို အရွေးခံရတဲ့ အထိ ဖြစ်လာ နိုင်ခဲ့ ပါတယ်။

သူ ရရှိခဲ့တဲ့ အခွင့်အရေးမျိုး လန်ဒန်မြို့မှာ နေထိုင်သူတွေ အားလုံး ရရှိ သွားနိုင်ဖို့က သူ့ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက် ဖြစ်တယ်လို့ မြို့တော်ဝန် မစ္စတာခန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ