အာဖဂန်နစ္စတန်မှာ ဓာတ်ဆီကားနဲ့ ခရီးသည်တင်ကားတွေ တိုက်မိလို့ လူအများအပြား သေဆုံး

_afghanistan_
Image caption ဂါ့ဇ်နီ ခရိုင် ဆေးရုံကို ဒဏ်ရာရ ထားတဲ့ လူ ၅၀ ကျော်လည်း ရောက်လာပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံ၊ မြို့တော် ကာဘူးလ်နဲ့ တောင်ဘက်ပိုင်းမြို့ ကန်ဒါဟာကို ဆက်သွယ် ထားတဲ့ အဝေးပြေး လမ်းမပေါ် မှာ ခရီးသည်တင် ဘတ်စ်ကား ၂ စင်းနဲ့ ဓာတ်ဆီတင် ကားကြီး တို့ ခေါင်းချင်းဆိုင် တိုက်မိ ခဲ့တဲ့ အတွက် လူ ၇၀ ကျော် သေဆုံး သွားတယ်လို့ အာဖဂန် ကျန်းမာရေး ဝန်ကြီး ဌာနက အတည်ပြု ပါတယ်။

ယာဉ် ၃ စင်းလုံး မီးလောင် သွားပြီး ဂါ့ဇ်နီ ခရိုင် ဆေးရုံကို ဒဏ်ရာရ ထားတဲ့ လူ ၅၀ ကျော်လည်း ရောက်လာပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်း တော်တော်များများဟာ မီးလောင် ဒဏ်ကြောင့် ဘယ်သူဘယ်ဝါ ဆိုတာ ခွဲခြားဖို့ရာ ခက်ခဲ နေပါတယ်။

အာဖဂန်နစ္စတန်မှာ ရှိတဲ့ လမ်းတွေဟာ ဆိုးလှတဲ့ ကြားထဲက ကားမောင်းသမားတွေဟာလည်း မောင်းသင့်တဲ့ အရှိန်ထက် ပို မောင်းကြလေ့ ရှိတဲ့ အပြင် ကားဆရာတွေ စည်းကမ်း လိုက်နာအောင် အစိုးရဘက်က တင်းကြပ်တာမျိုး နည်းပါးလှတယ်လို့ ကာဘူးလ် မြို့တော်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ