ခြိုးခြံရေး အစီအစဉ်တွေကို ဂရိ ပါလီမန် အတည်ပြု

greece_austerity_bill_passed
Image caption အခုလို ပြုပြင် ပြောင်းလဲရေး တွေ လုပ်ရမယ် ဆိုပြီး မြီရှင်တွေ ဖြစ်တဲ့ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့နဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF တို့က တောင်းဆို ထား။

ဂရိ နိုင်ငံမှာ ပင်စင်ငွေ ဖြတ်တောက်ရေး နဲ့ အခွန် တိုးမြှင့်ရေး လိုမျိုး အစိုးရ အသုံးစားရိတ် လျှော့ချရေး အစီအစဉ်တွေ အတွက် အငြင်းပွားဖွယ် ဥပဒေကို ပါလီမန်ကနေ အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ ဆီက နောက်ထပ် ဘဏ္ဍာရေး ထောက်ပံ့ငွေ တွေ အရစ်ကျ ရရှိနိုင်ဖို့ရာ ဂရိ အနေနဲ့ အခုလို ပြုပြင် ပြောင်းလဲရေး တွေ လုပ်ရမယ် ဆိုပြီး မြီရှင်တွေ ဖြစ်တဲ့ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့နဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF တို့က တောင်းဆို ထားတာ ဖြစ်ပါတယ်။

ဂရိ အလုပ်သမား သမအဂ္ဂတွေကတော့ ခြိုးခြံရေး အစီအစဉ်တွေကို ကန့်ကွက် နေပါတယ်။

မေလ ၉ ရက် တနင်္လာနေ့မှာတော့ ယူရိုငွေကြေးသုံး နိုင်ငံတွေရဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေ တွေဆုံပြီး ဂရိကို နောက်ထပ် အရစ်ကျ ထောက်ပံ့ငွေ ပေးရေး ဆွေးနွေးကြဖို့ ရှိနေပါတယ်။

အစောပိုင်းတုန်းကတော့ ဂရိ ပါလီမန် ထဲ မဲမခွဲ ကြသေးခင် အမတ်တွေ ဆွေးနွေး ငြင်းခုံ နေကြတုန်း မှာပဲ ပါလီမန် အဆောက်ဦ ရှေ့မှာ အသုံးစားရိတ် လျှော့ချရေး အစီအစဉ်တွေကို ဆန့်ကျင်ကြတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပေါ် ခဲ့ပါတယ်။

ဆန္ဒပြသမား တချို့က ဆိုရင် ဓာတ်ဆီပုလင်းကို မီးရှို့ပြီး ပစ်တာမျိုး အပါအဝင် ရရာ ပစ္စည်းတွေနဲ့ ရဲ တပ်ဖွဲ့ဝင်တွေ ရှိရာဘက်ဆီ ပစ်ပေါက် ခဲ့ကြသလို၊ ရဲတွေကလည်း မျက်ရည်ယို ဗုံးတွေနဲ့ ပြန်လည် ပစ်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ