ဘီဘီစီ သတင်းထောက် ဖမ်းဆီးခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption ဘီဘီစီ သတင်း ဌာနက သတင်းထောက် ဟာ တာဝန်ရှိသူ တွေရဲ့ ထိန်းသိမ်းမှု ကို ခံခဲ့ရပြီး နိုင်ငံ အတွင်း ကနေ နှင်ထုတ် ခံခဲ့ရ

မြောက်ကိုရီးယား နိုင်ငံမှာ ရောက်ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ဟာ တာဝန်ရှိသူ တွေရဲ့ ထိန်းသိမ်းမှု ကို ခံခဲ့ရပြီး နိုင်ငံ အတွင်း ကနေ နှင်ထုတ် ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့က သတင်းထောက် ရူးပတ် ဝင်းဖီး ဟေးစ် ၊ ထုတ်လုပ်သူနဲ့ ရိုက်ကူးရေး အဖွဲ့ဝင်တွေဟာ မြောက်ကိုရီးယား ကနေ ပြန်လည် ထွက်ခွာဖို့ ဟိုတယ် ကနေ လေဆိပ် ကို သွားရောက် စဉ်မှာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းထောက် မစ္စတာ ဝင်းဖီး ဟေးစ် နဲ့ အဖွဲ့ဝင်တွေဟာ လက်ရှိ အချိန်မှာ တရုတ် နိုင်ငံကို ရောက် ရှိနေပါတယ်။

မြောက်ကိုရီးယား တာဝန် ရှိသူ တွေက သတင်းထောက် ရူးပတ် ဝင်းဖီး ဟေးစ် ကို ရှစ်နာရီကျော်ကြာ ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြီး တောင်းပန်စာ မှာ လက်မှတ် ရေးထိုး ခိုင်းခဲ့ပါတယ်။

ဘီဘီစီ သတင်းဌာန အနေနဲ့ မြောက်ကိုရီးယား နိုင်ငံက အလုပ်သမား ပါတီ ညီလာခံကို သွားရောက် သတင်းရယူဖို့ နောက်ထပ် သတင်းထောက် အဖွဲ့ကို စေလွှတ် နိုင်မယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ