ဖိလစ်ပိုင် ရွေးကောက်ပွဲမှာ အနိုင်ရပြီလို့ ရော့ဒရီးဂိုး ဒူတာတေး ကြေညာ

_rodrigo
Image caption ရာဇဝတ်မှုတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်မယ် ဆိုတဲ့ မစ္စတာ ဒူတာတေးရဲ့ ရွေးကောက်ပွဲကြို မဲဆွယ် ကတိ အပေါ် ဖိလစ်ပိုင် ပြည်သူတွေ တော်တော်များများက သဘောကျ ခဲ့ကြပါတယ်။

ဖိလစ်ပိုင် နိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ ဒဗောင်းမြို့တော်ဝန် ရော့ဒရီးဂိုး ဒူတာတေး က သူ အနိုင်ရပြီ ဖြစ်တယ်လို့ ကြေညာ လိုက်ပြီ ဖြစ်ပါတယ်။

မဲတွေရဲ့ ၈၈ % ကျော်ကို ရေတွက် အပြီးမှာ မစ္စတာ ဒူတာတေးဟာ မဲ ၁၄ သန်းကျော် ရရှိ ထားပြီး၊ ဒါဟာ အနီးကပ်ဆုံး ပြိုင်ဘက် သမ္မတလောင်း ထက်ကို မဲ အရေ အတွက် ၆ သန်း နီးပါး ပိုမို ရရှိ ထားတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကလည်း သူ့ရဲ့ အဓိက ပြိုင်ဘက် ဆီနိတ်တာ အမျိုးသမီး အမတ် ဂရေ့စ်ပိုးက မဲတွေ ဆက်လက် ရေတွက် နေကြဆဲ ဖြစ်ပေမယ့် လက်ရှိ ထွက်ပေါ် လာတဲ့ ရလာဒ်တွေ အရ ထိပ်ကနေ ဦးဆောင် နေတဲ့ မစ္စတာ ဒူတာတေးဟာ ကျန် ပြိုင်ဘက်တွေ အားလုံးထက် မဲပိုရရှိမှာ ဖြစ်တယ်ဆိုတဲ့ အချက်ဟာ သိသာ နေနှင့်ပြီလို့ ပြောကြားရင်း၊ ရွေးကောက်ပွဲမှာ မစ္စတာ ဒူတာတေး အနိုင်ရရှိကြောင်း အသိအမှတ်ပြု ပြောဆို ထားပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ တွေ့ကြုံနေရတဲ့ ရာဇဝတ်မှုတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်မယ် ဆိုတဲ့ မစ္စတာ ဒူတာတေးရဲ့ ရွေးကောက်ပွဲကြို မဲဆွယ် ကတိ အပေါ် ဖိလစ်ပိုင် ပြည်သူတွေ တော်တော်များများက သဘောကျ ခဲ့ကြပါတယ်။

ဒါပေမယ့် ရာဇဝတ်ကောင်တွေ ထောင်ချီပြီး သတ်ပစ်မယ် ဆိုတဲ့ မစ္စတာ ဒူတာတေးရဲ့ အပြောဟာလည်း အငြင်းပွားဖွယ်ရာ၊ ဝေဖန် ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ