တရုတ်မှာ ရေခူ အတု ၁ဝ တန်မိ

jelly fish
Image caption လူကြိုက်များတဲ့ ပင်လယ်စာ ရေခူ

တရုတ်နိုင်ငံက ရေခူ စားသောက်ကုန် လုပ်ငန်း ၂ ခုကို ရေခူအတုတွေ လုပ်တယ် ဆိုပြီး ရဲက စီးနင်း ရှာဖွေခဲ့ပါတယ်။

ဒီရှောင်တခင် စစ်ဆေးမှုကြောင့် ဓာတု ပစ္စည်း ၃ မျိုးကို ရောစပ်ပြီး တရုတ်ပြည် အရှေ့ပိုင်း က ဈေး တွေထဲမှာ ရောင်းမယ့် ရေခူ အတု ၁ဝ တန်ကို ရဲက သိမ်းဆည်း ရမိခဲ့ပါတယ်။

ရေခူ အတုတွေဟာ အရောင်အဆင်းနဲ့ အနံ့မရှိဘဲ အစစ်တွေကသာ အဝါရောင် အဆင်းနဲ့ ငါးညှီနံ့ ရတာမို့ သတိပြု ခွဲခြားကြဖို့လည်း တရုတ်ရဲက စားသုံးသူတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ရေခူကို အသုပ်သုပ်ရာမှာ ထည့်သွင်းပြီး နွေရာသီမှာ လူကြိုက်များတဲ့ အစားအသောက် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ