တူရကီ စစ်တပ်ကို ကုလ သတိပေး

  • 10 မေ 2016
kurd ဓာတ်ပုံ မူပိုင် HDP
Image caption တူရကီ ပစ်ခတ်မှုနဲ့ သေဆုံးရတဲ့ ကာ့ဒ်တွေရဲ့ စျာပန

ကာ့ဒ် သူပုန်တွေ ကျက်စားတဲ့ တူရကီ အရှေ့တောင်ပိုင်းမှာ တူရကီ စစ်တပ်ရဲ့ ပြုမူ ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်ပြီး အလွန်အမင်း သတိထားဖွယ်ရာ သတင်းမျိုး တွေကို သူတို့ရရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် က ပြောပါတယ်။

တူရကီ အရှေ့တောင်ပိုင်း ဂျိဇရာမြို့မှာ လက်နက်မဲ့ အရပ်သားတွေကို စနိုက်ပါလို့ခေါ်တဲ့ မှန်ပြောင်း သေနတ်တွေနဲ့ အဝေးကနေ ပစ်ခတ် သတ်ဖြတ်တာမျိုးတွေ၊ တင့်ကား ပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ရှိသလို ဗုံးခိုကျင်း ထဲ ဝင်ရောက်နေတဲ့ လူတရာကို မီးရှို့ သတ်ဖြတ် တာလည်း ရှိတယ်လို့ သတင်း ရရှိကြောင်း ကုလသမဂ္ဂ ကော်မရှင်နာ မင်းကြီး မစ္စတာ ဟူစိန်က ပြောပါတယ်။

ပုံက တော်တော်လေး ထင်ရှားပြီး အသေးစိတ်တွေ တွေ့ရပါတယ်၊ ဒီပုံဟာ အလွန်အမင်း သတိထား ဖွယ်ရာ အချက်ပေးသံ ဖြစ်ပါတယ်၊ တူရကီ အစိုးရ အနေနဲ့ အများ ပြည်သူကို အကာအကွယ် ပေးဖို့ တာ၀န်ရှိပါတယ်လို့ မစ္စတာ ဟူစိန်က ပြောသွားပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘက်မလိုက်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ မစ္စတာ ဟူစိန်က တူရကီ အစိုးရကို တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ