ဗြိတိန်ရဲ့တောင်းပန်မှု မလိုချင်ကြောင်း နိုင်ဂျီးရီးယား သမ္မတပြော

ဓာတ်ပုံ မူပိုင် AFP
Image caption ဗြိတိန် ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေကြေး တွေကိုသာ ပြန်ရဖို့ကိုသာ ပိုစိတ်ဝင်စား

နိုင်ဂျီးရီးယား အနေနဲ့ တောင်းပန်တာ မလိုချင်ကြောင်း နဲ့ ဗြိတိန်မှာ လက်ခံထား တဲ့ ငွေကြေး တွေသာ ပြန်ရလိုကြောင်း သမ္မတ ဘူဟာရီ က ပြောကြား လိုက်ပါတယ်။

နိုင်ငံဂျီးယား နိုင်ငံဟာ အကြီးအကျယ် အကျင့်ပျက် ခြစားမှုတွေ ရှိနေကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ရဲ့ မှတ်ချက် စကားအပေါ်မှာ အခုလို တုံ့ပြန် ပြောကြား လိုက်တာ ဖြစ်ပါတယ်။

သမ္မတ ဘူဟာရီက နိုင်ငံတွင်းမှာ လာဘ်ပေး လာဘ်ယူမှု ကျူးလွန်ခဲ့ သူတွေက ဗြိတိန် ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေကြေး တွေကို ပြန်ရဖို့ကိုသာ ပိုစိတ်ဝင်စား ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ လာဘ်ပေး လာဘ်ယူမှု က အကြီးမားဆုံး ပြဿနာ ဆိုတာ သိထား ပေမယ့် အဆိုပါ ပြဿနာတွေကို တိုက်ဖျက် နိုင်အောင် လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။

ဗြိတိန် အယ်လီဇဘတ် ဘုရင်မကြီး နဲ့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း တို့ ဆုံတွေ့ စဉ်မှာ နိုင်ဂျီးရီးယားမှာ အကျင့်ပျက် ခြစားမှု အကြီးအကျယ် ရှိနေကြောင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန် ဘုရင်မကြီး ကလည်း တရုတ် နိုင်ငံက အရာရှိတွေဟာ အလွန်ရိုင်းကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ဖူးပါတယ်။

ဗြိတိန် နိုင်ငံ လန်ဒန် မြို့မှာ နိုင်ငံတကာ လာဘ်ပေး လာဘ်ယူမှု တိုက်ဖျက်ရေး ညီလာခံကို ကြာသပတေး နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ