ဘရာဇီးသမ္မတကို စုံစမ်းစစ်ဆေးဖို့ လွှတ်တော်ဆုံးဖြတ်

Brazil president ဓာတ်ပုံ မူပိုင် PR
Image caption ပထမဆုံးအမျိုးသမီး သမ္မတ ခုတော့ ရာထူးက ဆင်းပေးရပြီ

ဘရာဇီးမှာတော့ ညလုံးပေါက်ဆွေးနွေးပွဲတွေ အပြီး အထက်လွှတ်တော်က သမ္မတ ဂျီလ်မာရူးဆက်ကို စွပ်စွဲပြစ်တင်အရေးယူဖို့ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

အမတ် ၅၅ ယောက်က ထောက်ခံမဲပေးခဲ့ကြပြီး ၂၂ ယောက်ကတော့ မဲမပေးပဲ နေခဲ့ပါတယ်။ လွှတတော်ဥက္ကဌက မဲရလဒ် ကြေညာလိုက်ချိန်မှာတော့ အမတ်တွေလက်ခုပ်ဝိုင်းတီးပြီး အော်ဟစ်ခဲ့ကြပါတယ်။

အခုတော့ ဘရာဇီးရဲ့ ပထမဆုံး အမျိုးသမီးသမ္မတက ရာထူးက ချက်ခြင်းဆင်းပေးရမှာပါ။

ဘရာဇီးရဲ့ ဘတ်ဂျက်လိုငွေပြမှု ပမာဏကို ဖုံးကွယ်ထားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဂျီလ်မာရူးဆက်က ငြင်းဆိုထားပါတယ်။

လက်ရှိ ဒုတိယသမ္မတ မီရှဲတမ်မာက ယာယီသမ္မတအဖြစ်တာဝန်ယူပြီး အစိုးရသစ်ကို ကြာသပတေးနေ့ နှောင်းပိုင်းမှာ ကြေညာဖို့ ရှိပါတယ်။ သမ္မတ မစ္စရူးဆက် အခုလို ရာထူးက ဆင်းရတဲ့ အဖြစ်ဟာ လက်ဝဲစွန်းအစိုးရ ရဲ့ ၁၃ နှစ်တာ အုပ်ချုပ်မှု အဆုံးသတ်သွားတာပါ။ လက်ဝဲပါတီအစိုးရဟာ လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းက ကယ်ထုတ်ပေးနိုင်ခဲ့ပေမယ့် တိုင်းပြည်ရဲ့ စီးပွားရေးကတော့ ဆုတ်ယုတ်လာခဲ့ပါတယ်။