ဒုံးပျံ ကာကွယ်ရေးစနစ် ရိုမေးနီးယားမှာဖွင့်

us missile ဓာတ်ပုံ မူပိုင် AFP
Image caption နေတိုး အတွင်းရေးမှူး ချုပ် Jens Stoltenberg

ဥရောပက နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို အရှေ့အလယ်ပိုင်းက ဒုံးပျံနဲ့ တိုက်ခိုက် လာရင် ကာကွယ်နိုင်ဖို့ တပ်ဆင် ထားတဲ့ အမေရိကန် ဒုံးပျံ ကာကွယ်ရေးစနစ် တစ်စိတ်တစ်ပိုင်းကို ဒီကနေ့ ရိုမေးနီးယားမှာ စပြီး ဖွင့်လိုက်ပါတယ်။

ရေဒါစနစ်နဲ့ ကြားဖြတ် ပစ်ချနိုင်မယ့် ဒုံးပျံတို့ကို အမေရိကန်က ဒေါ်လာ သန်း ၈၀၀ သုံးပြီး ရိုမေးနီးယားလေတပ်စခန်းဟောင်း တစ်ခုမှာ တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တပ်ဆင်တာကို သူတို့ကို ရန်စတဲ့လုပ်ရပ်အဖြစ် ရုရှားက ကန့်ကွက်ပါတယ်။

အမေရိကန်ကတော့ အခု ဒုံးပျံကာကွယ်ကာကွယ်ရေး စနစ်ဟာ ရုရှားကို ဦးတည်တာ မဟုတ်ဘဲ အီရန်ဖက်က ရန်ပြုလာနိုင်မယ့် အန္တရာယ်ကို ကာကွယ်ဖို့လို့ ပြောပါတယ်။

အမေရိကန် ဒုတိယကာကွယ်ရေးဝန်ကြီး ရောဘတ်ဝပ်က်က အခုစနစ်က တာဝေးကပစ်လာမယ့် ဒုံးကျည်တွေကို တားဆီးဖို့ပဲ ဖြစ်ပြီး တာတိုဒုံးကျည်တွေကို ရည်ရွယ်တာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ