အောက်လွှတ်တော်ဥက္ကဌက ထရမ့်နဲ့တွေ့တာ အားရတယ်လို့ပြော

  • 12 မေ 2016
Donald Trump
Image caption Donald Trump

ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် သတ်မှတ်ခံရဖို့ သေချာ သလောက်ရှိတဲ့ ဘီလျံနာသူဌေးကြီးDonald Trumpနဲ့ ပါတီမှ ဝါအရင့်ဆုံး နိုင်ငံရေးသမားကြီး အောက်လွှတ်တော် ဥက္ကဌ Paul Ryanတို့နှစ်ယောက်တွေ့ပြီးတဲ့အခါ ပါတီ စည်းလုံးညီညွတ်ရေးကို အဓိကဆောင်ရွက်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းပွဲမှာတော့ Mr Trump နဲ့စကားပြောပြီးတဲ့အခါ သူ့အတွက်အများကြီးအားရ စရာကောင်းတယ်လို့ Ryan ကပြောသွားပါတယ်။

တကယ်တော့ Paul Ryan ဟာ ဘာနဲ့အလားသဏ္ဍန် တူနေသလဲဆိုတော့ သေနတ်သမားနဲ့ အကြောင်းပါပြီးမှ ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေရတဲ့သူနဲ့ တူတယ်လို့ ဝါရှင်တန်က ဘီဘီစီ သတင်းထောက် Anthony Zurcher ကပြောပါတယ်။ အခြေအနေက သိပ်မကောင်းလှပေမယ့် လက်တွေပေါင်းစပ်ကြည့်ရင် ထင်သလောက် မဆိုးတာလည်း ဖြစ်နိုင်ပါတယ်။ Trumpက မွတ်စလင်တွေကို ပြည်ဝင်ခွင့် ပိတ်ပင်မယ်လို့ ပြောတဲ့အတွက် Ryan ကရှုတ်ချခဲ့ပေမယ့် အခုတော့သူတို့နှစ်ယောက်မှာ အခြေခံကျတဲ့ မူတွေက နီးကပ်မှုရစေတယ်လို့ ပြောပါတယ်။ သူတို့ရဲ့တူညီချက်ကတော့ အခြေခံဥပဒေကို မြတ်နိုးကြပြီး အစိုးရအဖွဲ့ လုပ်ငန်း အသီးသီးမှာလည်း အာဏာခွဲဝေ ထားရေးမှာ တူညီတဲ့ သဘောထား ရှိပုံရပါတယ်။

ဒီထက်ကျော်ပြီးတော့ အသေးစိပ်သိဖို့မလွယ်ပါဘူး။ လုပ်ငန်းတွေ စနေပြီ အမြင်မတူတာတွေ စေ့စပ်နိုင်ပြီ ဆိုတာလောက်ပဲ ပြောသွားပါတယ်။ တကယ်တော့ အခုတွေ့ဆုံမှုဟာTrumpလိုလားသလို ပါတီကိုယ်စားသမ္မတ လောင်း အဖြစ် အပြည့်အဝထောက်ခံမှု ပေးလိုက်တာတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် လာမယ့် နိုဝင်ဘာသမ္မတ ရွေးပွဲမှာ အနိုင်ရဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့ ရီပတ်ဘလစ်ကန် ပါတီအတွက်ကတော့ ပြန်လည် ရင်ကြားစေ့ဖို့ ပထမခြေလှမ်းလို့ ဝါရှင်တန်ရှိဘီ ဘီစီသတင်းထောက်က သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ