တရုတ်တပ်မတော်ကို အကြီးစား ပြုပြင်သွားမယ်

  • 13 မေ 2016
china military ဓာတ်ပုံ မူပိုင် Reuters

လာမယ့် ၂ဝ၂ဝ ပြည့်နှစ်မှာ ဆိုင်ဘာ စစ်ပွဲ ကိစ္စတွေထိ ကိုင်တွယ် ဖြေရှင်းနိုင်အောင် တရုတ် တပ်မတော်ကို အကြီးစား ပြုပြင်ရေးတွေ လုပ်ဆောင်သွားမယ် လို့ ဆိုပါတယ်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကို ကမ္ဘာ့ အဆင့်မီ တပ်ကြီး ဖြစ်လာအောင် အသွင် ပြောင်းလဲပစ်ဖို့ ရည်ရွယ်ကြောင်း တရုတ် ဗဟို စစ်ကော်မရှင် ရုံးက ထုတ်ပြန်တဲ့ ၅ နှစ် စီမံကိန်း မှာ ပါရှိပါတယ်။

တရုတ် နိုင်ငံဟာ ကမ္ဘာမှာ အင်အား အများဆုံး တပ်မတော် ကို ပိုင်ဆိုင် ထားပေမယ့် တပ်တွေရဲ့ တိုက်ခိုက်ရေး စွမ်းရည် တိုးတက်ဖို့ တပ်အင်အားတွေ လျှော့ချပြီး ခေတ်မီ လက်နက်ဆန်း တွေဘက်မှာ ပိုမို တိုးချဲ့ မြှုပ်နှံဖို့ တရုတ် ခေါင်းဆောင် ပိုင်းက လိုလားပါတယ်။

အရှေ့နဲ့ တောင် တရုတ် ပင်လယ်ထဲက အငြင်းပွားနေတဲ့ နယ်မြေ ပိုင်နက် ကိစ္စတွေကို တုံ့ပြန်တဲ့ အနေနဲ့ တရုတ် ရေတပ်နဲ့ လေတပ် ကို ပိုမို အင်အား ဖြည့်တင်းပေးဖို့လည်း တရုတ် အစိုးရက မျှော်လင့်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ