အာဖရိကမိုင်းလုပ်သားတွေ လျော်ကြေးတောင်း

  • 13 မေ 2016
mine gold africa ဓာတ်ပုံ မူပိုင် SAFODIENAFP
Image caption တောင်အာဖရိက ရွှေတွင်း စက်ရုံတခု

ထောင်ဂဏန်း တချို့ရှိတဲ့ တောင်အာဖရိက ရွှေမိုင်း လုပ်သားတွေက အလုပ်ခွင်ပတ်ဝန်းကျင်အခြေအနေ ကြောင့် အဆုပ်နာ ရောဂါ အမျိုးမျိုး ခံစားခဲ့ကြရလို့ လျော်ကြေး အမေရိကန် ဒေါ်လာ သန်းနဲ့ချီ တောင်းဆို ကြတဲ့ အမှုကို လက်ခံ စစ်ဆေးဖို့ တောင်အာဖရိက တရားရုံးက လက်ခံလိုက်ပါပြီ။

ရွှေမိုင်း ကုမ္ပဏီ ဘက်က ဒီအမှုကို တယောက်ချင်း စွဲဆိုသင့်တယ်လို့ စောဒက တက်ခဲ့ပေမယ့် တရားရုံးချုပ် တရားသူကြီး က အမှုနဲ့ ပတ်သက်တဲ့ ကြောင်းကျိုး ဆက်စပ်မှုတွေကို ကြည့်ခြင်းအားဖြင့် လူတယောက်ချင်း စွဲဆိုဖို့ မသင့်ဘဲ တရားလိုများ ပူးပေါင်းစွဲဆိုခွင့် ကလပ်စ် အက်ရှင်ကို ခွင့်ပြုတာက လက်တွေ့ အကျဆုံး သဘာဝ အကျဆုံးလို့ ယူဆတဲ့ အကြောင်း တရားသူကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက် အရ အလုပ်သမားအားလုံးက ဘက်တဘက် အလုပ်ရှင်ကုမ္ပဏီက တဖက် ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။

ဒါဟာ တောင်အာဖရိက သမိုင်းမှာ လူတန်းစား လက္ခဏာဆောင်တဲ့ အကြီးဆုံး တရားရုံး ကြားနာမှုကြီး ဖြစ်လာဖွယ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ