ဘင်္ဂလားဒေ့ရှ်မှာ ဘုန်းကြီး တစ်ပါး သတ်ခံရ

ဓာတ်ပုံ မူပိုင် BBC INDONESIA
Image caption ဘုန်းတော်ကြီးရဲ့ ရုပ် အလောင်းကို ကျောင်းဝင်းထဲမှာ တွေ့ရှိ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်း Bandarban အရပ်မှာ အသက် ၇၅နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါး အသတ် ခံ လိုက်ရကြောင်း ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လူနည်းစု ဘာသာရေး အဖွဲ့အစည်းထဲက လူတွေ ၊ ဘာသာရေး ဆိုင်ရာ တက်ကြွ လှုပ်ရှားသူတွေနဲ့ ပညာရှင်တွေကို လိုက်လံ သတ်ဖြတ်မှုတွေ ဖြစ်နေတဲ့ အထဲမှာ ဒီကိစ္စက နောက်ဆုံး ထွက်ပေါ်လာတဲ့ ဖြစ်ရပ် တခုပါ။ အဆိုပါ ဘုန်းတော်ကြီးရဲ့ ရုပ် အလောင်း ကို ကျောင်းဝင်း အတွင်းမှာ တွေ့ ရှိခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အစ္စလာမစ် အစွန်းရောက် တွေလို့ သံယသ ရှိသူ လူတွေ ကြောင့် သုံးနှစ် အတွင်း လူ ၂၀ ကျော် သေဆုံး ခဲ့ရပါတယ်။

ဒါကာ မြို့နဲ့ မိုင် နှစ်ရာကျော် ဝေးတဲ့ ဘိုင်ဆာရီ မြို့မှာ သတ်ဖြတ်မှု ဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတုန်း ကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြောက်ပိုင်းမှာ အိန္ဒူ ဘာသာရေး ဆရာ တစ်ယောက် သတ်ဖြတ် ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ