ဟဇ်ဘိုလာ ခေါင်းဆောင်ကို အစွန်းရောက်တွေ လုပ်ကြံတာလို့ ပြော

ဓာတ်ပုံ မူပိုင် Getty
Image caption စတာဖာ ဘာရက်ဒင်း ဟာ ဟဇ်ဘိုလာ အဖွဲ့ရဲ့ အဓိက ခေါင်းဆောင်

လက်ဘနွန် နိုင်ငံက ဟဇ်ဘိုလာ အဖွဲ့ရဲ့ခေါင်းဆောင် သတ်ဖြတ် ခံရမှု ဟာ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့ ရဲ့ လုပ်ရပ် ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

စုံစမ်း တွေ့ ရှိမှုတွေ အရ ဟဇ်ဘိုလာ အဖွဲ့ ခေါင်းဆောင် မူစတာဖာ ဘာရက်ဒင်း တာဝန် ထမ်းဆောင်နေတဲ့ ဆီးရီးယား နိုင်ငံ ဒါမားစကတ် မြို့နားက စခန်း ကို အမြောက် နဲ့ ပစ်ခတ် တိုက်ခိုက် ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

မူစတာဖာ ဘာရက်ဒင်း ဟာ ဟဇ်ဘိုလာ အဖွဲ့ရဲ့ အဓိက ခေါင်းဆောင် အဖြစ် စစ်ရေး တာဝန် ထမ်းဆောင် နေတာ ဖြစ်ပါတယ်။

ပြီးတော့ သူဟာ နာမည်ပေါင်း များစွာ ကိုလည်း လွှဲပြောင်းပြီး စစ်ဆင်ရေး ကိစ္စတွေမှာ ပါဝင် ခဲ့တယ်လို့ ပြောပါတယ်။

ဟဇ်ဘိုလာ အဖွဲ့ဟာ ဆီးရီးယား နိုင်ငံ သမ္မတ ဘာရှာ အာဆတ်ရဲ့ အဖွဲ့တွေကို ကူညီပြီး တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ လက်ဘနွန် နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရာဖစ် ဟာရီရီ သေဆုံးမှုမှာ မူစတာဖာ ဘာရက်ဒင်း ပတ်သက်နေကြောင်း နိုင်ငံတကာ တရားရုံးက ပြောကြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ