ဗင်နီဇွဲလားမှာ သမ္မတ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

venezuela_protest_
Image caption သမ္မတ နီကိုးလပ်စ် မာဒူရိုကို ဖယ်ရှားဖို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တစ်ရပ် ပြုလုပ်ပေးပါ ဆိုပြီး တောင်းဆို။

ဗင်နီဇွဲလား နိုင်ငံ မြို့တော် ကရားကတ်စ်မှာ အတိုက်အခံ တွေကို ထောက်ခံသူတွေက ဆန္ဒပြပွဲ ပြုလုပ်လာပြီး လက်ရှိ သမ္မတ နီကိုးလပ်စ် မာဒူရိုကို ဖယ်ရှားဖို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တစ်ရပ် ပြုလုပ်ပေးပါ ဆိုပြီး တောင်းဆို လာကြပါတယ်။

တိုင်းတပါးရဲ့ စွက်ဖက် ရန်လိုမှုတွေကြောင့် ဖြစ်ပေါ်နေတဲ့ စီးပွားရေး အကြပ်အတည်းတွေကို ဖြေရှင်း နိုင်ဖို့ ဆိုပြီး မစ္စတာ မာဒူရိုက ဗင်နီဇွဲလားမှာ အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။

အဲဒီ့ ကြေညာချက် ထွက်လာပြီး နောက်တစ်ရပ် မှာပဲ အခုလို ဆန္ဒပြပွဲ ဖြစ်ပေါ် လာတာပါ။

သမ္မတရဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ဟာ ပြည်သူလူထု အပေါ် ခြောက်လှန့်ဖို့ ရည်ရွယ်တာ ဖြစ်ပြီး ရွေးကောက်ပွဲ မဲရလာဒ်တွေကို ပြန်လည် ရေတွက်တာမျိုး ဖြစ်မလာအောင် ဟန့်တားဖို့ ဖြစ်တယ်လို့ ဗင်နီဇွဲလား အတိုက်အခံတွေက ဝေဖန် နေပါတယ်။

သမ္မတ မာရူဒို ကတော့ ကုန်ထုတ်လုပ်မှု ရပ်ဆိုင်း ထားတဲ့ စက်ရုံ တွေ ကို ပြည်သူပိုင် သိမ်းပြီး ပိုင်ရှင်တွေကို ထောင်ချမယ်လို့ အမိန့် ထုတ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ