အီရတ် ဓါတ်ငွေ့ရုံမှာ အသေခံ ဗုံးခွဲမှု ဖြစ်ပွား

  • 15 မေ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ဓါတ်ငွေ့ စက်ရုံ အဝင်အဝ နားမှာ ကားဗုံး ကို ဖောက်ခွဲ ခဲ့တာ ဖြစ်

အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော် မြောက်ပိုင်းမှာ ရှိတဲ့ သဘာဝ ဓါတ်ငွေ့ ထုတ်လုပ်တဲ့ စက်ရုံ တစ်ခု မှာ ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့လို့ လူ အနည်းဆုံး ၁၁ ဦး သေဆုံး ခဲ့ပြီး အများ အပြား ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

တာဂျီဒေသမှာ ရှိတဲ့ ဓါတ်ငွေ့ စက်ရုံ အဝင်အဝ နားမှာ ကားဗုံး ကို ဖောက်ခွဲ ခဲ့တာ ဖြစ်ကြောင်း အီရတ် စစ်တပ် တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

ဗုံးတွေ တပ်ဆင်ထားတဲ့ ကိုယ်ကျပ် အင်္ကျီ ဝတ်ဆင်ထားတဲ့ တိုက်ခိုက်ရေး သမား ခြောက် ယောက် နဲ့ စစ်တပ်တာဝန်ရှိသူ တို့ အကြားမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ လည်း ဖြစ်ပွား ခဲ့ပါတယ်။

တိုက်ပွဲ တွေကြောင့် သဘာဝ ဓါတ်ငွေ့ တင်ဆောင်တဲ့ ကားသုံးစီး လည်း မီးလောင် ပျက်စီး ခဲ့ရကြောင်း မျက်မြင်တွေ့ ရှိသူတွေက ပြောကြား နေပါတယ်။

ဘဂ္ဂဒတ် မြို့ကို IS အဖွဲ့တွေက မကြာခဏ လာရောက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။

သေဆုံးခဲ့သူတွေဟာ စက်ရုံ အလုပ်သမားတွေ နဲ့ လုံခြုံရေး အစောင့်အရှောက်တွေ ဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ