ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန် ကွပ်ညှပ်မယ့် မူတွေ ဒူတာတေး ပြောလာပြန်

_duterte_ ဓာတ်ပုံ မူပိုင် Reuters
Image caption မနီလာ မြို့တော် မှာ ရှိတဲ့ သမ္မတ စံအိမ်ကို ဆေးရုံ အဖြစ် ပြောင်းလဲမယ်။

ဖိလစ်ပိုင် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ရော့ဒရီးဂူး ဒူတာတေးက ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးဝါးမှုတွေ အပေါ် တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်လို့ ပြောထားတဲ့ သူ့မူဝါဒအတိုင်း ခိုင်ခိုင်မာမာ ထပ်ပြီး ပြောလာခဲ့တာမှာ ရာဇဝတ်မှု ကျူးလွန်ထားသူ ဆိုတဲ့ သံသယနဲ့ ရဲအဖွဲ့က ဖမ်းဆီးတဲ့အခါ ခုခံမယ် ဆိုရင် အသေပစ်သတ်ဖို့ လုံခြုံရေး တပ်ဖွဲ့တွေကို အမိန့်ထုတ်မယ် ဆိုပြီး ပြောလိုက်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ သေဒဏ်ပေးမှု ပြန်လည် ကျင့်သုံးဖို့ ကွန်ဂရက် လွှတ်တော်ကိုလည်း ဖိအား ပေးသွားမယ်လို့ မစ္စတာ ဒူတာတေးက ဆိုပါတယ်။

ဒါ့အပြင် အရက်ယမကာ ပိတ်ပင်တာမျိုးနဲ့ အဆောက်အဦတွေ အတွင်း ဆေးလိပ်သောက်ခြင်း တားမြစ်တာ အပါအဝင် တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ည အချိန်တွေမှာ ကလေးသူငယ်တွေကို အပြင်မထွက်ခွင့် ကန့်သတ်ဖို့ ကိစ္စတွေ ကိုလည်း မစ္စတာ ဒူတာတေး ပြောဆိုခဲ့ပါတယ်။

မနီလာ မြို့တော် မှာ ရှိတဲ့ သမ္မတ စံအိမ်ကို ဆေးရုံအဖြစ် ပြောင်းလဲမယ်လို့ မစ္စတာ ဒူတာတေးက ကတိပေး ခဲ့သလို အစိုးရ အရာရှိတွေ လေယာဉ် ခရီးသွားတဲ့ အခါ စျေး အသက်သာဆုံး အတန်းကပဲ စီးနင်းဖို့ အမိန့်ထုတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ